" ရှိတော့ရှိခဲ့တဲ့ပုံပဲ "

" ဟို... "

" ရှိခဲ့လည်း ဘာမှမဖြစ်ပါဘူးဗျ "

" အင်း....ကျနော်သွားတော့မယ်နော်...ချိန်းထားတာလေးတစ်ခုရှိသေးလို့ "

" ကောင်းကောင်းသွားပါ Jung PD nim "

လက်ထဲမှာ ထီးတစ်ချောင်းကိုကိုင်ကာ ထွက်သွားတဲ့ Jung PD ကိုကြည့်ရင်း တဖြောက်ဖြောက်ကျနေတဲ့ မိုးရဲ့အသံကို နားထောင်ရင်းနဲ့ သူအိမ်ပြန်ချင်လာမိသည်။ တကယ်တော့ အိမ်ရယ်လို့မဟုတ်ဘဲ PD လေးရှိတဲ့နေရာကို သူသွားချင်လာသည်။

မိုးဖြစ်စေ ဆောင်းဖြစ်စေ ရာသီဥတုတစ်ခုကို Kim Taehyung နဲ့ထည့်ပေါင်းမိတာနဲ့ အဖြေက Min PD ရဲ့ ရင်ငွေ့နွေးနွေးလေးဆိုတဲ့ ပုံသေနည်းက အကြိမ်ကြိမ်ရိုက်သွင်းနေကြမို့လို့ အားလုံးလည်း မှတ်မိနေကြလောက်ပါပြီလေ။

" ကဲ မြန်မြန်လေး စလိုက်ကြစို့ "

ဓာတ်ပုံဆရာရဲ့ လက်သုံးစကားကို မင်းသားက ထပြောလိုက်တော့ ရိုက်ကွင်းက လူတွေက ရယ်ကြသည်။ မင်းသားက တမင်အရွှန်းဖောက်လိုက်ခြင်းမဟုတ်ပါ။ တကယ်ပဲ သူမြန်မြန်ပြန်ချင်နေပါပြီ။ သူ့ဒါရိုက်တာကြီးနဲ့သာဆိုရင် အကြောင်းတစ်ခုခု ပြကာပြန်လိုက်ရင် ပြီးနေပြီမို့ ဒါရိုက်တာကြီးကိုပါ သတိရလိုက်မိသေးသည်။ အခုတော့ သူ့ဒါရိုက်တာကြီးကလည်း....။

#...💘...#

Wedding bells are ringing...

Since the moment I saw you for the first time, wedding bells are ringing in my mind...

စွတ်စွတ်ဖြူနေသော စက္ကူစပေါ်‌တွင် အနက်ရောက်မှင်တို့ ခပ်သော့သော့ပြေးလွှားနေကြသည်။ တစ်ခါတစ်ရံမှာ သက်ပြင်းချလိုက်သံ၊ တစ်ခါတစ်ရံမှာ တိုးကြိတ်စွာရယ်မောသံ၊ သစ်သားစားပွဲခုံကို ဘောပင်စောင်းဖြင့် တတောက်တောက်ခေါက်သံ၊ စာက္ကူစကိုလုံးချေသံတို့က အလှည့်ကျပေါ်ထွက်လို့နေသည်။

" ဒေါက် ဒေါက် ဒေါက် ဒါရိုက်တာကြီး "

" အင်း ဝင်ခဲ့လေ "

Jimin က ဒါရိုက်တာကြီးရဲ့အနားကို ရောက်လာတော့ ဒါရိုက်တာကြီးက အနီးနားမှာရှိနေတဲ့ စာအုပ်တစ်အုပ်ကိုယူကာ သူ့ရဲ့ရေးလက်စစာရွက်ပေါ်သို့ ဖုံးထားလိုက်သည်။

I hate that ' I love you 'Where stories live. Discover now