Part : 19 💘

Começar do início
                                        

" ဟုတ်တယ် ကျနော်တို့က တက္ကသိုလ်မှာ ကျောင်းနေဖက်တွေလေ...Min PD နဲ့ရော "

" ဟုတ်လားး...ကျနော်မသိလိုက်ဘူးပဲ "

မင်းသားက တစ်ခုခုကို တွေးမိသွားသလို ခပ်ဖွဖွပြုံးလိုက်သည်။ Jung PD က ထိုအပြုံးလေးကို အမိအရ ဖမ်းဆုပ်ကာ နှလုံးသားထဲ ထည့်ထားလိုက်သည်။ ထိုအပြုံးလေးက ဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုတာကို ရိပ်မိရဲ့သားနဲ့ပေါ့။

" တက္ကသိုလ်ကျောင်းသားလေး Min Yoongi က အခုပုံစံနဲ့ တစ်ပုံစံထဲပဲမဟုတ်လား...Min PD ဆီမှာ ဓာတ်ပုံလေးတစ်ပုံတောင်မရှိဘူးဗျာ "

Jung PD က နွေးနွေးထွေးထွေးပြုံးလိုက်သည်။ သူ့သူငယ်ချင်းရဲ့ ကျောင်းတုန်းကပုံရိပ်တွေကို ပြန်မြင်ယောင်ကြည့်တော့ အများကြီးပြောင်းလဲသွားတယ်လို့ပြောရမလား တစ်ပုံစံထဲပဲလို့ပြောရမလားဆိုတာ သူမဝေခွဲတတ်ပါ။

အရင်တုန်းက Min PD က အခုထက်အများကြီးပျော့ပျောင်းသလို သူ့ခံစားချက်တွေအ‌ပေါ်မှာလည်း ပွင့်ပွင့်လင်းလင်းရှိခဲ့သည်။ အခု Min PD ကတော့ အများကြီး ပိုရင့်ကျက်သွားသလို အများကြီးလည်း ပိုပြတ်သားလာသည်။ ဒါပေမဲ့ အရင်တုန်းကရော အခုရော မပြောင်းလဲပဲ တူညီတာကတော့ Min PD ကိုပိုင်တာ Min PD တစ်ယောက်တည်းသာဖြစ်သည်။

" ဒီလိုပုံစံနဲ့ ရည်းစားဦးလေးဘာလေးတောင် ရှိခဲ့မယ့်ပုံမပေါ်ပါဘူး...ဟုတ်တယ်မလား "

Jung PD ရဲ့ ပြုံးနေတဲ့မျက်နှာက ကွက်ခနဲပျက်သွားသည်။ သူက ချက်ချင်းပြန်ထိန်းလိုက်သော်လည်း မင်းသားက မြင်ဖြစ်အောင် မြင်သွားခဲ့သည်။

တကယ်တော့ မင်းသားက ဒီအတိုင်း စကားအဖြစ်သာ ပြောလိုက်ခြင်းဖြစ်သည်။ သူက Min PD ရဲ့အချစ်ဦးတို့ ရည်းစားဦးတို့နဲ့ ပတ်သက်ပြီး သိပ်အာရုံစိုက်တတ်တဲ့သူမဟုတ်ပါ။ တစ်ယောက်တစ်လေရှိရင်လည်းရှိခဲ့မယ် ဒါမှမဟုတ် မရှိခဲ့တာမျိုးလည်းဖြစ်နိုင်တယ်လို့သာတွေးထားပြီး အဲ့ဒါတွေနဲ့ပတ်သက်လို့ Min PD ကို သူတစ်ခါမှ မမေးဘူးပါ။ အမှန်အတိုင်းပြောရရင်တော့ သူမေးလိုက်မှ သူ့ PD လေးက အတိတ်ကလူကို ပြန်သတိရသွားမှာမျိုး အဖြစ်မခံနိုင်ပါ။ မင်းသားကောင်လေးက သူ့ PD လေးကို သိပ်တွန့်တိုပါသည်။

I hate that ' I love you 'Onde histórias criam vida. Descubra agora