လေပြေအေးအေးလေးကငြိမ့်ခနဲပေမဲ့အညှာမခိုင်တဲ့သစ်ရွက်ကလေးကဝေ့ခနဲကြွေရင်း ကျော်ဇေယံထွဋ်ရဲ့ဆံပင်ပေါ်တည့်တည့်ကိုကျဆင်းတယ် ။
နေသက်နွေး ကျော်ဇေယံထွဋ်ရဲ့ရှေ့မှာခြေစုံရပ်လိုက်ပြီးသူ့လက်ဝါးနှစ်ဖက်ကကျော်ဇေယံထွဋ်ရဲ့လက်ကောက်ဝတ်နှစ်ဖက်ကိုအားယူဆွဲရင်းခြေဖျားကိုထောက်လိုက်တယ် ။
" ဖူး ~ "
နှုတ်ခမ်းလေးချွန်ပြီးမှုတ်ထုတ်လိုက်တဲ့လေကြောင့်သစ်ရွက်ကလေးက ရွှား ခနဲအောက်ကိုပြန်လွင့်ကျတယ်။ ကျော်ဇေယံထွဋ်ရဲ့ဆံပင်လေးတစ်ပင်နှစ်ပင်တောင်ထောင်သွားသေးတယ်။
နေသက်နွေးပုံမှန်အတိုင်းပဲအကွာအဝေးတစ်ခုကြားပြီးရပ်လိုက်တယ်။ကျော်ဇေယံထွဋ်ကတော့ သစ်ရွက်ကလေးနဲ့အတူဝိဥာဥ်လေပါလွင့်သွားသလိုငူငူကြီးရပ်နေတုန်း။
လေပြေအေးအေးကဖြတ်တိုက်သွားပြီးနေသက်နွေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ယခင်အတိုင်းဖြူစင်ပြစ်ကင်းနေဆဲ။
မျက်နှာဝိုင်းဝိုင်းလေး၊သွားတက်ချွန်ချွန်လေး၊ပြီးတော့မျက်လုံးလှလှကလေး။ ခေါင်းလေးစောင်းလိုက်တိုင်းတွန့်ခနဲဖြစ်သွားတဲ့အမူယာလေး။
တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာတော့သံမှိုဆွဲထားသလိုမမေ့ဖျောက်နိုင်တဲ့အမူယာတွေ။
ဒီကောင်လေးကျေးဇူးနဲ့သူ
မျက်တောင်လေးခတ်ဖို့တောင်နှမြောတဲ့အထိ တစ်စုံတစ်ယောက်ကိုမြတ်နိုးဖူးခဲ့ပြီ။ကျော်ဇေယံထွဋ်လျှောကျနေတဲ့ပခုံးထက်ကကျောပိုးအိတ်ကြိုးကိုပြန်ဆွဲတင်ရင်းနေသက်နွေးပါးကိုဆွဲညှစ်တယ် ။
" ငါမင်းကို ချစ်လိုက်တာ "
>>> >>>
နေသက်နွေးအခန်းရဲ့ဒေါင့်လေးမှာကုတ်ကုတ်ကလေးထိုင်ပြီးစဥ်းစားခန်းဖွင့်နေမိတယ် ။ အမေ့ကိုတွေ့ရတာပျော်ပေမဲ့ဟာတာတာခံစားချက်ကြီးကတော်တော်လေးဆိုးရွားပါတယ် ။
အဖေနဲ့ကတော့ဟိုးအရင်ကတည်းကခပ်ခွာခွာမို့မေးထူးခေါ်ပြောအဲ့သည့်လောက်ပါပဲ ။
အခန်း(၁၀)
Start from the beginning