" သားမက်လေးကို အပြန်သူ့ဆီ ခေါ်ခဲ့ပါတဲ့ဗျာ "
" သားမက်ဆိုတာနဲ့ ဘာလို့ ကျွန်တော်ကိုပြောပြရတာတုန်း ကျွန်တော်နဲ့မှ မဆိုင်ဘဲ "
" ဆ်ိုင်တာပေါ့ သျှမ်းငယ်ရဲ့ "
" မနောက်နဲ့ဗျာ တော်ပြီ အိမ်ရောက်တော့
မယ် "
" မရှက်ပါနဲ့ သျှမ်းငယ်ရယ် ကိုယ်ကအတည် ပြောတာက်ို "
" ဘာမှ အတည်မဟုတ်ဘူး ဆင်းတော့ အိမ် ရောက်ပြီ "
ထိုအနှီလူသားလေးက ရှက်သွားဟန်တူပါရဲ့ အိမ်ရှေ့လည်းရောက်ရော အတင်းကို နှင်ချနေတော့တာဘဲ ။ ကိုယ့်အပိုင်ဖြစ်တော့မှ ရှက်နေတဲ့မျက်နှာလေးက်ို တဝကြီးနမ်းပစ်ဦးမယ်လို့ တွေးရင်းပြုံးနေမိသည် ။
ဘာမှန်းမသိ ဒီလူကြီးက မထိတထိနဲ့စနေတော့ တာဘဲ ။ ခက်တော့ခက်သားပါလား ။ အမှန်တိုင်းပြောရင် မခေါ်လာချင်လို့ အစောကြီးထွက်လာကာမှ သူကအရင် ကြိုရောက်နေတော့ ဘာမှမပြောသာတော့လို့သာ အိမ်အထိပါလာတာဖြစ်သည် ။
" ခဏထိုင်ဦးနော် လူကြီး ကျွန်တော် ရေချိုး အင်္ကျီလဲလိုက်ဦးမယ် ၊ ဖေကြီးကလည်း ခဏနေလောက် ဆိုပြန်ရောက်ပြီ "
" ရတယ် သျှမ်းငယ် ကိုယ်ကိုအားမနာနဲ့ အေးဆေးလုပ် "
သျှမ်းငယ် အိမ်ထဲဝင်သွားတော့မှ အိမ်ကိုလှည့် ပတ်ကြည့်ရှုဖြစ်ခဲ့သည် ။ အစီအရီစီထားတဲ့ စာအုပ်စင် လေးရယ် ၊ စာအုပ်စင်နံဘေးက photo stand ပေါ်က မိသားစုဓါတ်ပုံလေးက တစ်အိမ်လုံးမှာရှိတဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည် ။ ဓါတ်ပုံထဲက ဖြူဖွေးနေတဲ့ ချစ်ရတဲ့ ချစ်သူရယ် အန်တီရယ် အန်ကယ်ရယ် နောက်ပြီးတော့ ခွေးပေါက်စလေးတစ်ကောင်ရယ် ..."
အိမ်ထဲလှည့်ပတ်ကြည့်နေတုန်း လှေကားပေါ် လူတက်လာတဲ့ခြေသံလိုမျိုး ကြားလိုက်တော့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြီးတစ်ယောက် တက်လာတာ တွေ့လိုက်သည် ။ ထိုသူကား သျှမ်းငယ် အဖေဖြစ်သည် ။
ကိုယ့်ဘက်ကနေဘဲ စတင်မိတ်ဆက်လိုက်တော့သည် ။
