Part 1 ( Unicode )

53 4 0
                                        









" တောက် .......... မင်းတို့ကောင်တွေ အလုပ်ကို ဘယ်လိုလုပ်ကြတာလဲ ဒါလေးတစ်ခုခိုင်းတာတောင်မှ အဖြစ်ရှိအောင် မလုပ်နိုင်ကြတာ ဘယ်နားသုံးစားလို့ရလဲ ..."

မနက် အစည်းအဝေးပြီးကတည်း ဒေါသပုန်ထနေတာ ရုံးတစ်ခုလုံးလည်း အသံတွေက်ိုဆူညံနေတာဘဲ ။ ကိစ္စတစ်ခုမှားပြီဆိုတာနဲ့ ဒေါသငယ်ထိပ်ရောက်တတ်တဲ့ ဟိုတယ် လုပ်ငန်းတွေဦးစီးနေတဲ့ အသက်အငယ်ဆုံး ထိပ်တင်ထွဋ် ဆိုတာ ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားနေတဲ့မိုးကုတ်မြို့မျက်နှာဖုံး ဒေါ်ဥမ္မာရဲ့ တစ်ဦးတည်းသောသားဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေ ရရာကိုအတင်းထိုးပေးပြီး သမက်အဖြစ် လိုချင်နေကြတဲ့သူတစ်ယောက်ပေါ့ ။ ၆'၁ ရှိတဲ့အရပ်နဲ့ တစ်နေ့ ၂ နာရီပုံမှန်လေ့ကျင့်ခန်းလုပ်ထားတဲ့ ကျစ်လစ်တဲ့ခန္ဓာကိုယ်အချိုးအစားရှိသူတစ်ယောက်က အသက် ၂၇ နှစ်အထိ ရည်းစားမထားခဲ့ဖူးသလို ရင်ခုန်သံလည်းမရှာတွေ့သေးပါ ။

" Boss ဒီမှာပါ မှာထားတဲ့ ရွှေသောင်ယံအလွန် ဝက်သေရွာ တွင် ဆောက်လုပ်ဆဲ ဟိုတယ်အချက်အလက်တွေပါ "

" စားပွဲပေါ်တင်ထားခဲ့လ်ိုက် " ကော်ဖီဖျော်နေရင်းနဲ့ လှမ်းပြောလိုက်ခြင်းဖြစ်သည် ။

ကော်ဖီဆိုရင် ဘယ်သူကိုမှ မဖျော်ခိုင်းဘဲ ကိုယ်တိုင်ဖျော်တတ်သော အကျင့်ကြောင့် ကုမ္ပဏီမှာ ဇီဇာကြောင်လွန်းသောနောင် လို့ boss မကြားအောင်ပြောနေကြလေရဲ့ ။ boss များကြားရင်ဘယ်လောက်တောင်မှ ဒေါသပုန်ထလိုက်မယ်ဖြစ်ခြင်းလဲ ။ အတွင်းရေးမှူးဖြစ်တဲ့ ခန့်ကိုကတော့ အမြဲတစေလန့်လန့်နေရတယ် ။

boss နဲ့ကျွန်တော်က ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တာပါ ။ boss ရဲ့ က ကြီးကနေ အ အထိ သိတဲ့ အန်တီပြီးရင် ကျွန်တော်ပေါ့ ။ ကျွန်တော်သိတဲ့ boss လိုဒေါသအိုးကွဲကတော့ ရည်းစားရမယ့်ပုံမဟုတ်ပါဘူး ။

" ခန့်ကို ခန့်ကို .."

" ဗျာ boss ဆောရီး ဘာပြောလိုက်တာလဲ "

" ဘာတွေအတွေးလွန်နေတာလဲ ဘာလဲ မနေ့ညက လက်လွှတ်လိုက်ရတဲ့ အဆင်အကြောင်းတွေးနေတာလား "

ငွေသောင်ယံဦး Tempat cerita menjadi hidup. Temukan sekarang