ဟိုတယ်ကနေပြန်လာပြီး အိမ်ကိုရောက်တော့ကြီးတော်ရဲ့ အသိမိတ်ဆွေတစ်ယောက် နာရေးကို အရေးပေါ် လာကူရလို့ဆိုပြီး ဖုန်းဆက်လာခဲ့သည် ။ ဒီနေ့ကျမှ ဖေကြီးကလည်း ပိုက်ချတဲ့ရက်ဖြစ်နေလို့ဆိုပြီး အိမ်မပြန်လာဖြစ် ဘူးဆိုတာ မနေ့ကတည်းက သိထားပြီးသား ။ ညနေခင်းလောက်မှထွက်လာတာဆိုတော့ မြို့ပေါ်သွားမယ်ဆိုရင် ဟိုမရောက်ခင် လမ်းမှာတင် ညနက်ပြီး မြို့ အဝင် နောက်ကျမှာစိုးတာကြောင့်ရော တစ်ယောက်တည်းဖြစ်နေမှာစိုးတာကြောင့် ကြီးတော်က လိုက်မလာဖို့ ပြောတာကြောင့် အိမ်မှာတစ်ယောက်တည်း ဖြစ်နေခဲ့သည် ။
အမှန်တိုင်းဝန်ခံရရင် အိမ်မှာ တစ်ယောက်တည်းဆိုတဲ့အသိက ကျွန်တော်ကိုအများကြီး စိတ်မချမ်းမသာဖြစ်စေတာကြောင့် ဟိုတယ်သို့ ဒီည ပြန်အိပ်ရန်သာ ဦးတည် တော့သည် ။ လူအများနဲ့နေရတာလည်းမကြိုက်တစ် ယောက်တည်း လည်းနေဖို့မဖြစ်တာကြောင့် အိမ်သော့ခတ် ပြီး ကမ်းခြေရှိတဲ့နေရာသို့ ပြန်ထွက်လာခဲ့သည် ။
ဟိုတယ်မှာသွားနေတယ်ဆိုတာကလည်း
ကျွန်တော်သူငယ် ချင်း အဏ္ဏဝါမိုးက အလုပ်ကပေးတဲ့ အိပ်စရာနေရာရှိတာကြောင့် သူ့ဆီ လိုက်အိပ်တာဖြစ်သည် ။ ကမ်းခြေရောက် တော့ ညဘက်ပါတီအသေးလေးကျင်းပနေတာတွေ့ရတော့ အလုပ်ရှုပ်နေကြမယ်ထင်တာနဲ့ အေးဆေး သဲသောင် ပြင်မှာ
ထိုင်နေ လိုက်တော့သည် ။ သုံးနိုင်ကြတဲ့သူတွေများ ကံကောင်းလိုက်ကြတာ ဘဝပေးကံခြင်းမတူကြတာ ကျွန်တော် နားလည်ပေမဲ့ ကျွန်တော်အတွက် ပိုပြီးတော့ကို ဘဝပေးကံမတူတာကိုတော့ ကံကြမ္မာကြီးကို အနည်းငယ်တော့ စိတ်ဆိုးမိသည် ။
နဂိုကတည်းက ပွဲလမ်းသဘင်တွေသိပ်မနှစ်သက်တဲ့ ကိုယ့်အတွက် ဒီနေ့ ရောက်ရောက်
ချင်း မေမေရဲ့စီစဉ် မှုကြောင့် ပွဲထဲရောက်နေပေမဲ့ စိတ်က အိမ်ပြန်သွားပြီဆိုတဲ့ ကောင်လေးဆီရောက် နေခဲ့သည် ။ ညနေက အိပ်ရာနိုးနိုးချင်း ဟိုတယ် kitchen ထဲထွက်လာခဲ့ပြီး ထိုအနှီလူသားကို တွေ့ ချင်ဇောနဲ့လာခဲ့ပေမဲ့ ပြန်သွားပြီဆိုတဲ့ ဝန်ထမ်းတစ် ယောက်ရဲ့ ဖြေကြားမှုကြောင့် တကယ်အလိုမကျ
ဖြစ်သွားခဲ့ရသည် ။ ပြန်မယ်မှန်း ကိုယ်သိရင် မအိပ် ပါဘူး ကောင်လေးရယ် ကိုယ်လိုက်ပို့မှာပေါ့ ။
