ရိဟန်က သက်ပြင်းချပြီး ကျင်းယွမ်အား အိပ်ယာထဲ တွန်းထည့်သည်။ သူက တစ်ဖက်လူအား လုံခြုံအောင် အုပ်ပေးလိုက်ပြီး ညင်ညင်သာသာ တုန့်ပြန်၏။

"ဘာမှ မဖြစ်ပါဘူး, အများကြီး တွေးမနေနဲ့, မင်းအပြင်မှာ ဒီလောက်အကြာကြီး ရပ်နေခဲ့တာ အအေးဓာတ်က မင်းအရိုးထဲထိ ဝင်နေလောက်ပြီ, ငါမင်းကို ရေနွေးနွေးလေး ထည့်ပေးမယ်နော်, သောက်ပြီးတာနဲ့ နားတော့, အအေး မမိစေနဲ့"

ကျင်းယွမ်က ကုတင်ပေါ်က ဆင်းလိုက်ပြီး သူ့အတွက် ရေနွေးတစ်ခွက် ထည့်ပေးသည်။ ကျင်းယွမ်ကတော့ အိပ်ယာပေါ်ကနေ ဆင်းသွားပြီး မတ်တပ်ရပ်ကာ ခွက်ကိုကိုင်ထားသည်အား ကြည့်နေမိသည်။ လောလောဆယ် သူခံစားနေရသည်က ရင်ဘက်တစ်ခုလုံး တင်းကြပ်သည်အထိ ဖြစ်နေသည့် စိတ်ရှုပ်ထွေးမှုကြီးသာ။ သူ့အနေနဲ့ ပါးစပ်ကလည်း ထုတ်ပြောလို့မရသလို စိတ်လည်း မအေးသွားပေ။ အဲ့ဒါက အတော်လေးကို မသက်မသာ ခံစားရသည်။

ထိုလူကြီးက ရေသောက်ပြီးတာနဲ့ ခေါင်းအုံးပေါ် ပြန်လှဲလိုက်သည်။ သူ့မျက်လုံးက မှေးမှိတ်နေလေပြီ။ ရိဟန် ကုတင်ပေါ် တက်လာပြီး သူ့ဘေးမှာ လာလှဲတဲ့အချိန်မှာတော့ အိပ်ယာက အနည်းငယ် နိမ့်ကျသွားလေသည်။

"အိပ်တော့" ရိဟန်က တိုးတိုးလေး ပြောလိုက်ပြီး ကျင်းယွမ်ရဲ့ နှဖူးပေါ် လက်တင်ကာ အပူချိန်တိုင်းလိုက်သည်။

"အဲ့ဒီပေါက်ကရတွေကို စဉ်းစားမနေနဲ့, မနက်ဖြန်လည်း အလုပ်သွားရဦးမှာ"

ကျင်းယွမ်က မျက်လုံးများ မှိတ်ထားရင်းဖြင့်ပင် ရိဟန်ရဲ့ ပြန်ရုတ်သွားသည့်လက်ကို ပြန်ဆွဲလိုက်ပြီး သူ့ရင်ဘက် နှလုံးသားတည့်တည့်ပေါ် တင်ထားလိုက်သည်။ စကားတစ်ခွန်းမှတော့ ပြောမလာခဲ့။

နောက်နေ့မနက် ရိဟန်နိုးတဲ့အချိန်မှာ ပုံမှန်ဆိုရင် ထနေပြီဖြစ်သည့် ကျင်းယွမ်က သူ့ဘေးမှာ အိပ်ပျော်နေသေးသည်။ သူ့မျက်ခုံးများက စုကြုတ်နေ၏။ သူ့ကိုကြည့်ရတာ ကောင်းကောင်း အိပ်ပျော်ပုံမပေါ်ပေ။ သူတို့ရဲ့တွဲဆက်ထားသည့် လက်များကတော့ ကျင်းယွမ်ရဲ့ နှလုံးသားတည့်တည့်ပေါ်မှသာ ရှိနေသေးပြီး တစ်ညလုံး ထိုပုံစံအတိုင်းသာ အိပ်ခဲ့ပုံရသည်။

(Completed) Reborn as a good childWhere stories live. Discover now