BTLFAM (18) Unicode

Start from the beginning
                                    

သူစားတော့မည့် အသီးအစိတ်လေးသည် တစ်စုံတစ်ယောက်၏ ပါးစပ်အတွင်းသို့ဝင်သွားလေသည်။

" Leo..ဘာလုပ်တာလဲ ငါစားမလို့ "

" မင်းနဲ့ ချယ်ရီသီး ဓာတ်မတည့်တာကို မေ့သွားတာလား။ ထပ်သေချင်လို့ဉာဏ်ဆင်တာလား။ ငါနဲ့ခဏခဏတွေ့ချင်နေလို့ နေမကောင်းဖြစ်နေတာများလားနော်.."

ဟုတ်သည်။ ရဲတွေစစ်ဆေးနေတုန်းတစ်လျှောက်လုံး Leoသည် Baz၏ဘေးမှာထိုင်နေသည်။ Maxiyoတွေထဲမှ Leoတစ်ယောက်ပဲရှိနေတာဖြစ်သည်။

" တော်စမ်းကွာ။ ငါခေါင်းကိုက်ရတဲ့ကြားထဲ မင်းကတစ်မျိုး "

ခေါင်းကိုဖိပြီး ပြောသူကြောင့် Leo၏နှုတ်ခမ်းထက်ရှိ အပြုံးများရပ်တန့်သွားပြီး ဘေးရှိဖန်ခွက်ထဲသို့ ရေဆူဆေးပြားထည့်ကာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်သည်။ ပြီးနောက် Baz၏အရှေ့သို့ ယူပေးလိုက်သည်။

" ဘာကြည့်နေတာလဲ။ မင်းခေါင်းကိုက်နေတာမလား ခေါင်းကြည်‌သွားအောင် သောက်လိုက်လေ"

" အင်း.."

Bazဖန်ခွက်ကိုယူလိုက်သည်နှင့် Leoသည် အရှေ့ရှိရဲမှူးကို ထွက်သွားရန်မျက်စပြစ်ပြလိုက်သည်။ ထိုရဲမှူးသည် ခေါင်းငုံ့ကာအရိုအသေပေးပြီး ထွက်သွားလေသည်။ သူအမိန့်မနာခံလို့မရပေ Leoသည်လည်းပေါ့သေးသေးလူမဟုတ်ဘူးမလား။

တဂွတ်ဂွတ်ဖြင့် မော့သောက်နေသူကို Leoကြည့်ပြီး အပြုံးချိုချိုလေးပြုံးမိသည်။

ဟွန်း ငယ်ငယ်ထဲက တစ်ပုံထဲပဲ..။

" မင်း မူးယစ်ဆေးအစား ဒီဟာကိုပြောင်းသောက်သင့်တယ်လို့ မထင်ဘူးလား။ မင်းဝမ်းနည်းလို့ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အဲ့တာက မင်းကိုပိုဝမ်းနည်းစေလိမ့်မယ်။ မင်းဒေါသထွက်လို့သုံးမိမယ်ဆိုရင် မင်းကိုပိုဒေါသထွက်စေလိမ့်မယ်။ တစ်ခါတလေသုံးတာ ဆိုးကျိုးမရှိပေမယ့် အချိန်ကြာရင် မင်းကိုထိခိုက်လိမ့်မယ် Baz "

ရေဆူဖန်ခွက်ကိုသိမ်းကာ ရေဖန်ခွက်ကို Bazထံကမ်းပေးလိုက်သည်။ Bazသည် အမြဲတမ်း ချိုတာတစ်ခုခုစားပြီးရင် ရေသောက်တတ်သည်။ ရေကိုလည်း အသာတကြည်သောက်သည်။

Behind the lust for a man(Complete)Where stories live. Discover now