အပိုင်း✨🍁(၂၂)

Start from the beginning
                                    

"What....သေစမ်း...ဘယ်လိုတွေတောင် သတိလက်လွတ်ငြိမ်ခံနေရတာလဲဟ...."
ဧကလေး ထိုအခါမှ ရင်ခွင်ထဲကအတင်းရုန်းလိုက်သည်။
သို့သော်လည်း တင်းကြပ်နေသောဖက်တွယ်ထားမှုကတော့ လျှော့မသွား။

"ဟို...အရှင်...လွှတ်...လွှတ်ပါဦးဗျ..."

"ကိုယ်တော်မေးတာကိုဖြေရင်လွှတ်ပေးမယ်..."

"လွှတ်ပေးရင် ဖြေမယ်လေ..."

"ဖြေမှ လွှတ်ပေးမှာ...."

"အရှင်လွှတ်ပေးမှ ဖြေလို့ရမှာလေ..."

"ဒီတိုင်းလည်းရတယ် ဖြေပြီးတာနဲ့ လွှတ်ပေးမယ်...."

*ဟူးးးးးငါရှင်ချင်ပါတယ်...ဘယ်လိုတွေတောင်လဲ...*
အရှင်ကလည်း မဖြေမချင်းလွှတ်ပေးမှာမဟုတ်သလို ဧကလေးကလည်း မလွှတ်ပေးရင် မဖြေချင်။သို့သော်လည်း လူချင်းတူတူကိုမှကြီးထွားလွန်းနေသူကြောင့် မရုန်းနိုင်သည့် ဧကလေးကပဲ အလျှော့ပေးလိုက်ရတော့သည်။

"အဟမ်း!!!မေးဗျာ ဘာမေးမလို့လဲ...."

"ကိုယ်တော့်ကိုစိတ်ဆိုးနေတာလား...."

"မဆိုးပါဘူး...."

"ညာတယ်....."

"ဟောဗျာ ကျွန်တော်ကဘာကိုဆိုးရမှာလဲ..."

"ကိုယ်တော့်ကိုသူစိမ်းလိုပြောတယ်လေ...ပြီးတော့ ကိုယ်တော်မေးတာတွေလည်းကောင်းကောင်းမဖြေဘူး...သျှင်းငယ် စိတ်ဆိုးနေတယ်ဆိုတာ ခံစားမိတယ်..."
(#ဘုရားစူးsemeကြီးပါ:3 )

"အဲ..."
ဧကလေး ဘာပြောရမလဲမသိဖြစ်သွားရသည်။
*စိတ်ဆိုးတာမှန်သော်လည်း ဘယ်သူက မင်းစိတ်ဆိုးနေတာလားလာမေးရင် အင်းစိတ်ဆိုးနေတာလို့ ဖြေလို့လဲ မဆိုးဘူးလို့ပဲ ဖြေကြတာမလား...အဲ့ဒါကြောင့်ကို...ခုတော့ တကယ်ပါပဲ....ငင့်..*

"ဟုတ်တယ်မလား...ကိုယ်တော့်ကိုပြောပါ.. သျှင်းငယ်ဘာကို စိတ်ဆိုးနေလဲဆိုတာ သိမှကိုယ်တော် ဖြေရှင်းလို့ရမှာမဟုတ်လား..."

*ရူးချင်လာပါပြီ...ဖွင့်ပြောတုန်းကပြောပြီး အဖြေလာမ‌တောင်းလို့... တစ်ပတ်လုံး တစ်ခါလေးတောင် ပေါ်မလာလို့ ...လာမတွေ့လို့ စိတ်ဆိုးနေ မဟုတ်သေး စိတ်ကောက်နေပါတယ်ဆိုတာ သူက ဘယ်လိုမျက်နှာနဲ့ပြောရမှာလဲလို့...ဒီဘုရင်နဲ့တော့ ခက်ကုန်ပါပြီ....*
"အဲ့လိုမဟုတ်ပါဘူး...စိတ်ဆိုးတာမှန်ပေမယ့် ခုမဆိုးတော့ဘူးလေ...အဲ့ဒါအပြင် ခုနကလည်း အရှင်မလာနိုင်တဲ့အကြောင်းကိုပြောပြပြီးပြီမဟုတ်လားဗျ...ခုမဆိုးတော့ဘူးနော် ဟုတ်ပြီလားဗျ...."

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now