BTLFAM (17) Unicode

Start from the beginning
                                    

" ဒါကမှုခင်းကေ့စ်ပဲ လူတစ်ယောက်ကိုလုပ်ကြံဖို့ ကိုယ့်ကိုကိုယ် သတ်သေရတယ်လို့..ငါဆို လုပ်ကြံပြီးတာနဲ့ ပြေးမှာ..ဓာတ်မတည့်တာစားပြီးတော့ ဉာဏ်နည်းမနေတော့ဘူး"

အနားက တီးတိုးသံတချို့ကို သူမတို့ကြားရလေသည်။ သူမတို့မသိသည်က ဘယ်သူ့ကို ဘယ်သူက လုပ်ကြံသနည်း။ သူမတို့အပေါက်ဝမှာပဲရပ်နေစဉ် Baz၏အတွင်းရေးမှူးသည် အခန်းထဲမှထွက်လာလေသည်။

" Bazက ဘယ်လိုဖြစ်တာလဲ "

" ဖြစ်တဲ့အချိန်တုန်းက ကျွန်တော်တို့ကို အပြင်မှာစောင့်ခိုင်းထားတာပါ။ ပန်းကန်ကွဲကျသံကြားပြီး ဆူညံနေတော့မှ ကျွန်တော်တို့ဝင်သွားတာ.. Masterက ကုတင်ပေါ်မှာ နှလုံးခုန်နှုန်းကျဆင်းနေပါပြီ"

ဖြောင်း.* ဖြောင်း.*

" မင်းကို Bazအနားမှာထားထားတာ အလကားမဟုတ်ဘူး။ သူမိုက်ရူးရဲဆန်တာတွေမလုပ်ဖို့ မင်းက တားရမှာ..တောက်စ်!"

Bella၏တောက်ခေါက်သံနှင့် ပါးချလိုက်သံသည် ဆေးရုံတစ်ခုလုံးပဲ့တင်ထပ်သံ မြည်ဟီးသွားစေသည်။

" အခုအခြေအနေဘယ်လိုလဲ "

" သွေးခုန်နှုန်းထိန်းလို့မရသေးပါဘူး Mrs.."

" အိုကေ Bazတစ်ခုခုဖြစ်ခဲ့ရင် မင်းတို့ ခုနှစ်ယောက်ကော ဒီဆေးရုံကြီးတစ်ခုလုံးကော ပြာကျပြီသာမှတ်။ အခု ဒီအခန်းရဲ့ CCTVလိုချင်တယ် "

" ဒီမှာပါ Mrs.."

Aceသည် clipတစ်ခုကိုပေးသည်။ Ace၏မျက်နှာသည်လည်း ဖူးယောင်နေသည်။

Bella အနီးရှိ ခုံတစ်ခုမှာထိုင်ပြီး clipကိုဖွင့်ကြည့်လိုက်သည်။ အကူအညီတောင်းခံနေတာတောင် ချစ်ရသူ၏ နောက်ဆုံးအချိန်ထိ ပြစ်ပယ်မှုကို ခံခဲ့ရသော ရင်နင့်သည်းခြားလေးကြောင့် နှလုံးတစ်ခုလုံးကြေမွသွားသလို မွန်းကြပ်လွန်းသည်။

ခွမ်.!

‌ဆက်ကြည့်နိုင်အားလျော့စွာ လက်ထဲရှိ ကွန်ပျူတာကို ပေါက်ခွဲလိုက်လေသည်။

" မမကြီး စိတ်ထိန်းပါအုံး။ Bazက ဒီဆေးရုံမှ အသက်လုနေရတယ်နော် မမကြီး "

Aprilသည်လည်း သည်းခံစွမ်းမြင့်မားနေသူမဟုတ်ပေမယ့် ဒီအချိန်မှာပေါက်ကွဲနေလို့မှ မဖြစ်တာ။

Behind the lust for a man(Complete)Where stories live. Discover now