လူအိုကြီးပိုင်က ရိဟန်ကို အမိဖမ်းလို့ ပြီးသွားသောအခါ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေရင်းဖြင့်ပင် ပိုင်ယန်ဘက် လှည့်သွားသည်။

"ယန်, မင်းဘာလို့ ကျောင်းဟွာကိုပါ မင်းနဲ့အတူ ခေါ်မလာတာလဲ? သူက အခု မင်းအပိုင် ဖြစ်သွားပြီဆို? တမင်ချဲ့ကားပြောတာတော့ မဟုတ်ပါဘူးနော် ဟုတ်လား?"

"ဘိုးဘိုး" ပိုင်ယန်ရဲ့ အသံထဲမှာ သိသာထင်ရှားသည့် စိတ်တိုမှု ရှိနေသည်။

"အလုပ်တွေ ရှိသေးတယ်, သူမနက်ဖြန်မှ လာလို့ရမယ်"

အဘိုးကြီးပိုင်က  သူ့မြေးအကြီးဆုံးကို စိုက်ကြည့်ရင်

"အိုး, မင်းက ဘယ်လောက်တောင် ကြီးမြတ်နေလို့လဲ? မင်းသူ့ကို အနိုင်ကျင့်ထားတာလား? အလုပ်တွေအားလုံး သူ့ကိုပဲ လွှဲချပေးခဲ့တာလား? အကြံပေးလိုက်မယ်နော် ယန်, ချစ်သူဆိုတာနဲ့ လိင်အမျိုးအစား ဘာပဲဖြစ်နေပါစေ ချစ်ခင်မြတ်နိုးပေးရမယ်, မင်းသူ့ကို အလိုလိုက်ပေးရမယ် ဂရုစိုက်ပေးရမယ်။ ဒါက 'ငါမင်းကိုချစ်တယ်' ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးတွေ လက်ဆောင်တွေလောက်နဲ့ ပြီးမြောက်အောင် လုပ်လို့ရတဲ့ မစ်ရှင်တွေ ရှာဖွေမှုတွေ မဟုတ်ဘူး,ဟုတ်ပြီလား? မင်းအနေနဲ့ ဘဝရဲ့ အသေးစိတ်လေးကအစ သူ့ကိုပြပေးရမယ်, မင်းမရှိရင် သူမနေနိုင်တဲ့အထိ ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးတဲ့ အလင်းရောင်ကို ခံစားရပါစေ, အဲ့ဒါမှ သူက မင်းနဲ့ တစ်သက်တာလုံး အခြေချ နေထိုင်မှာ, မင်းက အစောကတည်းက အဆင်မပြေတဲ့ လူငယ်တစ်ယောက်, မင်းဆီမှာရိုးရှင်းတဲ့ အချစ်ရေးရာ အရိုးတောင် ရှိမနေဘူး, အကယ်၍ မင်းသာ သူ့ကို ဘယ်လို အလိုလိုက်ရမလဲ မသိဘူးဆိုရင် အထီးကျန်တဲ့ ခွေးအိုကြီးတစ်ကောင်ဖြစ်ဖို့ အဆင်သင့်ပြင်ထားတော့ပဲ!"

ကောင်းပြီ, အဆင်ပြေတယ်, ဘုရားရေ, သူ့အဘိုးက 'အထီးကျန်တဲ့ ခွေးအိုကြီး' ဆိုတဲ့ ဟာသက ဘာလဲ ဆိုတာတောင် သိနေတယ်။ ပိုင်ယန်က သက်ပြင်းချမိသည်။

"မဟုတ်ပါဘူး ဘိုးဘိုးရယ် ကျွန်တော်က ဘာလို့ သူ့ကို အနိုင်ကျင့်ရမှာလဲ? ဒီလိုဆိုရင်ရော? ကျွန်တော်သူ့ကို အခုပဲခေါ်ပြီး ဒီလာခိုင်းလိုက်မယ်လေ နော်?"

(Completed) Reborn as a good childWhere stories live. Discover now