ကျင်းယွမ်က အခန်းထဲက တစ်ခြားသူများအား တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှ ရိဟန်ရဲ့ ထူးဆန်းနေတဲ့ အပြုအမူများအား သတိမပြုမိကြပေ။ သူတို့အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြသည်။ သူပဲ အတွေးလွန်နေမိတာများလား

လူအိုကြီးပိုင်ကတော့ အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက ရိဟန်နဲ့ စကားပြောရခြင်းအား အတော်လေး ပျော်ရွှင်နေပြီး အုပ်စုထဲမှာ သူ့အသံတစ်ခုတည်းသာ ကျယ်ကျယ်လောင်လောင် ကြားနေရသည်။ အခုချိန်မှာ သူပုံစံက ယခင်ကထပ်ပင် နုပျိုနေပုံပင်။ သူက သူ့သားနဲ့ မြေးတွေကိုတော့ ရိဟန်အား အလွန်အကျွံ မဆက်ဆံရန် အမြဲသတိပေးခဲ့သည်။ သူတို့က ထိုကောင်လေးကို ထောင်လွှားတဲ့ ကောင်စုတ်လေးအဖြစ် ပုတ်သိုးသွားစေနိုင်တယ်ဟု။

သို့သော်လည်း သူကိုယ်တိုင်ကတော့ ရိဟန်ကို အချစ်ဆုံးဖြစ်သည်။ သူ့အကြောင်းပြချက်ကတော့ ရိဟန်နဲ့ ကုန်ဆုံးရတဲ့ အချိန်က နည်းပါးလို့တဲ့။ ဒီအချိန်လေးမှာ၊ သူကြိုးစားအားထုတ်ထား၇တဲ့ အခွင့်အရေးလေးမှာ သူ့မြေးအငယ်ဆုံးကို ဆူပူကြိမ်းမောင်းပြီး သွန်သင်ဆုံးမရင်း ကုန်ဆုံးရမှာလား? ရိဟန်ကို သွန်သင်ဆုံးမဖို့က သူ့မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေ ရှိနေတာပဲ။ သူက အဘိုးတစ်ယောက်ပဲ ဖြစ်နေတဲ့ဟာ။ သူ့မှာ ရိဟန်ကို အလိုလိုက်ဖို့ တာဝန်ရှိတယ်။

ဒီနေ့ သူ့အဘိုးနဲ့ မတွေ့ဆုံခင်မှာ ရိဟန်သည် ရင်တုန်မှုကြောင့် ခုံအစွန်းလေးမှာသာ ဝင်ထိုင်နေမိတာဖြစ်သည်။ သူ့နှလုံးသားက အပြစ်ရှိမှု၊ ဝမ်းနည်းမှုနှင့် နောင်တရမှုတို့ ရောနှောကာ ပြိုကျပျက်စီးနေမိသည်။ယခုတွင် ကျန်းမာသန်စွမ်းနေသောအဘိုးနှင့် ရင်ဆိုင်ရသောအခါ တစ်ခုတည်းသော စိတ်ခံစားမှုမှာ ကျေးဇူးတင်မှုသာ ကျန်ရှိတော့ကြောင်း သူနားလည်ခဲ့သည်။ 

ပြန်လည်မွေးဖွားခြင်းနှင့် သူ့ရာဇဝတ်မှုများအတွက် အပြစ်ဖြေဖို့ အခွင့်အရေးပေးသည့်အတွက် ဘုရားသခင်နှင့် ကောင်းကင်ဘုံကို တစ်ဖန်ပြန်၍ ကျေးဇူးတင်ရှိမိသွားသည်။ သူ့အနေနဲ့ သူ့အဘိုးက တစ်ဘဝလုံး သားစဉ်မြေးဆက်အတွက် ပူပန်စရာ မလိုတော့သော ပျော်ရွှင်သည့် ကလေးအိုကြီး အဖြစ်သာ အသက်ရှင်သန် နေထိုင်ဖို့ တစ်ခုတည်းသာ မျှော်လင့်မိတော့တာပင်။

(Completed) Reborn as a good childWhere stories live. Discover now