" လီယွန်န"
" လီယွန်န သူမလုပ်တာလား"
"ဟုတ်တယ် ခများသာစိတ်မရှိရင် သတင်းစာ
ရှင်းလင်းပွဲလုပ်ပြီး ကလေးအဖေအကြောင်း
ဖော်ထုတ်မယ် သူမကဒိုလီဝမ်ကိုမှီခိုနေတာ
ဆိုတော့ ဒိုလီဝမ်ပျိုလဲရင်သူမလဲပျိုလဲလိမ့်မယ်"
"ကောင်းပြီး ကိုယ်စီစဉ်ခိုင်းလိုက်မယ်"
ခနလေးအတွင်းထိုစတင်းတွေကဖျက်ချခံရပြီး
ထပ်တက်လာတာက နေ့လည်ပိုင်းတွင်
Live သတင်းစာရှင်းလင်းပွဲသို့လူတိုင်းတက်
ရောက်နိုင်သည့်သတင်းဖြစ်သည်။
တစ်ဖက်တွင်...
"လီယွန်န ! ဒါမင်းလက်ချက်မလား ဟိုကောင်
သာအမှန်တိုင်းဖွင့်ပြောလိုက်ရင် မင်းရောငါရော
နားကားပြီးဆိုတာမစဉ်းစားမိဘူးလား
မင်းခေါင်းထဲ ချီးဘဲရှိတာလား!!"
"ရှင်ကျမကိုမအော်နဲ့ အဲ့ကောင်ကြောင့်
လေသံပြောင်းသွားတာလား ကျမလဲကလေး
မွေးနိုင်တယ်ဆိုတာသိထား "
"တောက်! မင်းကတကယ်ဦးနှောက်မရှိတဲ့
မိန်းမဘဲ သူကိုယ်ဝန်ဆောင်ချိန်က မင်းသူ့ကို
ရူးသွပ်ဆေးတွေခပ်တာငါမသိဘူးထင်နေလား"
"သိလဲမတက်နိုင်ဘူး အဓိကက ရှင်နဲ့သူဇာတ်
လမ်းပျက်ဖို့ဘဲ အဲ့ကောင်ကလဲဘာတွေကံ
ကောင်းနေလဲမသိဘူး သူဌေးကိုတောင်ရ
အောင်ယူနိုင်တယ် တောက်!"
" သူများကိုပြောမနေနဲ့ သတင်းစာရှင်းလင်းပွဲ
မှာသာဖွင့်ပြောလိုက်ရင် ငါကုမ္ပဏီဒေဝါလီ
ခံသွားနိုင်တယ်ကွ!"
"ဒါဆိုလဲ သူ့ကိုသတ်ပစ်ရုံပေါ့"
" မင်းကတော်တော်ရက်စက်တဲ့မိန်းမဘဲ"
" ဟမ့် ကျမကအဆုံးထိသွားမှာ အခုကျမ
သတင်းစာရှင်းလင်းပွဲသွားပြီး သူပြောတာတွေ
ကိုလူတွေမယုံအောင်ကျမလုပ်ပြမယ် "
"သွား တစ်ခုခုဆိုငါမကူနိုင်ဘူး "
( Host ကျတော်သေချာအသံသွင်းထားပါတယ်)
(ကောင်းတယ် ဒါသက်သေဘဲ )
သတင်းစာရှင်းလင်းပွဲတွင်...
* ခုလူတွေသိထားတဲ့သတင်းကအမှန်တွေလား
ခမျ *
"ဟုတ်တယ် သားလေးကကျတော်တစရခဲ့တဲ့
ကလေးဘဲ ခများတို့ပြောသလို သားကမျိုးမစစ်
မဟုတ်ဘူး သားလေးရဲ့အဖေရင်းက ဒိုလီဝမ်
ဘဲ"
* ဟင်, ဟာ*
" ပြီးတော့ ခြူစားတယ်ဆိုတာမဟုတ်ပါဘူး
ကျတော်တို့ကချစ်ကြိုက်လို့တူတူနေတာပါ"
* ဒါဆို အိုသခင်ကြီးကရော ကလေးကိုကြည်
ဖြူရဲ့လား*
အိုဟိုရှင်းက
" ကြည်ဖြူတယ် ခုချိန်ကစပြီးဒီကလေးက
ငါ့ကလေးဘဲ ငါ့သွေးသားဘဲ တကယ်လို့
ငါ့ကလေးစိတ်ဒဏ်ရာရအောင်ပြောတဲ့မည်သူမဆိုတစ်မိသားစုလုံးကို အရှင်မထားဘူးဆိုတာ
သိထားပေးပါ ဒိုလီဝမ်ကိုလဲ မကြာခင်တရား
စွဲဆိုသွားမှာပါ "
ထိုချိန် လီယွန်နရောက်လာကာ...
" အိုသခင်ကြီးက သူပြောတာအကုန်ယုံတယ်
ပေါ့ သူဘယ်လောက်ကောက်ကျစ်လဲကျမအသိ
ဆုံးဘဲ "
လူတွေကလဲ အသံလာကာကိုလှည့်ကြည့်
ကုန်ကြပြီးလီယွန်နကတော့ စမတ်ကျကျ
လမ်းလျောက်ကာစင်ပေါ်တက်လာသည်။
——