part 9.3
11.4K 1K 23
နွယ်နီတစ်ယောက် ကျောင်းမသွားဘဲ သက်ဦးစံ ကုမ္ပဏီသို့ ရောက်နေသည်။
" ကိုကို ဟိုကောင်က daddy နဲ့ပါသွားပြီး"
"ကိုကို လဲအဲ့ပွဲကိုခုသွားရမှာ "
" သူက ကလေးနဲ့ကိုကိုတွဲနေတာသိပြီး
Daddyကိုပြောလိုက်တယ် ကလေးတို့အစီစဉ်
ပြန်ပြောင်းမှထင်တယ် "
" ဟုတ်တယ် ငတုံးတစ်ကောင်ကခုလိုဖြစ်လာ
တယ်ဆိုတာမယုံနိုင်စရာဘဲ "
"အခုသွားရင် ကလေးလဲလိုက်မယ် "
"သွားကြတာပေါ့ လမ်းရောက်မှအဝတ်စားဝင်
ဝယ်လိုက်တော့"
" အင်း "
တစ်ဖက်တွင် နေမင်းသူရိန် က မင်းသက်လျာ
ကိုပွဲထုတ်ကာ မိတ်ဆက်ပေးနေသည်။
" လူပျိုကြီးတို့ကကွာ ရထားတော့လဲ ချောချော
လေအားကျတယ်ဗျာ"
"ဟဟ ဒါကကုသိုလ်ချင်းကွာတယ်လေ "
" ဟုတ်ပါပြီးဗျာ အရမ်းကိုသည်းသည်းလှုပ်နေ
တာဘဲ"
"ဒါကတော့ ချစ်တာကိုဗျာ"
နေမင်းသူရိန်ကပြုံးပြီး မင်းသက်လျာရဲ့နားထင်
လေးအားနမ်လိုက်တော့မင်းသက်လျာက
ပြန်ပြုံးပြလာသည်။
"အစ်ကို လူတွေနဲ့လေ"
" ရှက်လို့လား ကိုယ်ကချစ်လို့လေ"
"အစ်ကိုကလဲ "
မင်းသက်လျာကရှက်ပြီး သူ့လက်သီးလေးနှင့်
နေမင်းသူရိန်ရင်ဘက်အားဖွဖွထုလိုက်သည်။
နေမင်းသူရိန်ကတော့ မင်းသက်လျာရဲ့အပြု
မူလေးကြောင်းအသဲယားပြီး ဖြစ်ညှစ်ပလိုက်
တော့သည်။ထိုချိန်သူတို့နားသို့ သက်ဦးစံ
လက်မောင်းအားတွဲကာရောက်လာသည်။
"Daddy လူကြားထဲမရှက်ဘူးလား
ကိုမင်းသက်လျာ ကလဲနဲနဲပါးပါးပတ်ဝန်းကျင်ကို
အားနာပါအုံး အဟင်း "
" မင်းဘယ်လိုရောက်လာတာလဲ နေပါအုံး
ရှက်ရအောင်ငါတို့ကဘာလုပ်နေလို့လဲ
နွယ်နီ"
"နွယ်က နောက်လိုက်တာပါ စိတ်မဆိုးနဲ့နော်
ကိုမင်းသက်လျာ လဲစိတ်မရှိဘူးမလား"
"ငါ့စိတ်ထဲထားရအောင် မင်းကအဲ့လောက်
ဘောင်မဝင်ဘူး"
"အဟင်း ထားပါ Daddy ကိုမိတ်ဆက်ပေးရ
မယ် ဒါနွယ့်ကိုကိုလေ သက်ဦးစံတဲ့သိတယ်မလားကိုသက်လျာရဲ့ exလေ "