part 2.5
13.5K 1.2K 14
မင်္ဂလာပွဲကပြန်လာသည့် ဂွမ်သားဖမှာတော့
အိမ်ရောက်သည်ထိ စိတ်နဲ့ကိုယ်မကပ်ကြပေ။
" အဖေ ဘယ်လိုဖြစ်ပြီး သူတို့က နန်းတော်ထဲ
ရောက်သွားတာလဲ "
" ခုသူက ဧကရီဖြစ်လာပြီး သေချာပေါက်အဖေ
တို့ကိုဖိနှိတ်တော့မှာ "
" မဖြစ်ရဘူး! တစ်ခုခုစီစဉ်အုံးအဖေ "
" အဖေစဉ်းစားကြည့်ပါအုံးမယ် "
တစ်လအကြာတွင်တော့ ဧကရီယွန်ဆိုသည့်
နာမည်ကြားသည်နှင့်အစေခံတွေအမတ်တွေ
ဒူးတုန်အောင်ကြောက်ရသည်။ မကြောက်လို့
မရပေ။ဧကရီယွန်ရဲ့ စကားတစ်လုံးဟာ သူတို့
နှလုံးသားကိုအစိမ်းခွဲသလိုခံစားရပြီး မင်းကြီး
ကတောင် ဧကရီကိုအာဏာအပြည့်ဝပေးထား
တာကြောင့်ဖြစ်သည်။ အိမ်ရှေ့စံနဲ့ ယွန်မင်ဂျယ်
တို့ကလဲ လက်ထပ်ပြီးကြပြီးပြီးဖြစ်သည်။
ဧကရီကိုကြောက်သည့်ထဲ အမတ်ဂွမ်သားဖ
မပါခဲ့ပေ။
" ဧကရီယွန် ကိုဂါရဝပြုပါတယ် "
" သခင်မလေးဂွမ် ဘယ်ကိုလာတာလဲ "
" ဒီလိုပါဘဲ နန်းတော်ထဲကတစ်ချို့ကိစ္စတွေက
မှန်လားမှားလားသိချင်လို့လာကြည့်တာ"
" အဟွန်း ငါ့အကြောင်းတော့မဟုတ်ဘူးမလား"
" ခ်ခ် ဧကရီဖြစ်သွားပြီးထဲကအရမ်းမောက်မာ
လာတယ်နော် ဘဝမေ့နေတာလား"
" ဒါက သူ့နေရာနဲ့သူဘဲလေ လူတွေကသိ
တဲ့တိုင်းအလျော့ပေးရင် ခေါင်းပေါ်ချီးတက်
ပါချင်တယ်မလား"
" ဒါပေါ့ ဒါပေါ့ "
" ဒါနဲ့ ရောဂါအခြေနေကရောကောင်းသွားပြီးလား"
ရောဂါအကြောင်းပြောတာကြောင့် ဂွမ်ဂျီအမ်
မျက်မှာပျက်သွားသည်။
" ဒီလိုပါဘဲ မကြာခင်တော့ ဆေးရတော့
မှာလေ"
" ကံကောင်းပါစေ "
" ဧကရီတို့က ရင်သွေးမယူသေးဘူးလား"
"..."
" အဲ မေ့သွားတာ ဧကရီကယောကျာ်းလေးဘဲ
ဟင်းဟင်း မင်းကြီးတွက်တော့စိတ်မကောင်း
ပါဘူး သူလဲသွေးသားလေးလိုချင်မှာပေါ့ "