ဖုရဲန်က သူမကို ပိုမိုနီးကပ်အောင် တိုးဖက်လိုက်သည်။

"အများကြီး တွေးမနေနဲ့တော့, သေချာပေါက် သူတို့တွေ တကယ်ပဲ အတူတူဖြစ်သွားရင်တော့ ကောင်းတာပေါ့ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုရင်လည်း ကိုယ်တို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ, ကျင်းယွမ်က ဟန်ဟန်အတွက် အများကြီး လုပ်ပေးပြီးနေပြီ, ကိုယ်တို့သူ့ဆီက ထပ်ပြီးတောင်းဆိုလို့ မဖြစ်တော့ဘူး"

အမေက ခေါင်းညိတ်ပြပြီး စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးမှ ပြန်ပြောလာသည်။

"ရှင်ပြောတာမှန်တယ်, ကျွန်မက အရမ်းလောဘကြီးနေမိတယ်, အမှန်တရားကို ဟန်ဟန် သိဖို့လိုအပ်တဲ့အချိန်က အနှေးနဲ့အမြန် ရောက်လာဖို့ပဲ မျှော်လင့်မိတယ်"

ဖုရဲန်က သူ့ဇနီးလေးရဲ့ နှဖူးကို ညင်ညင်သာသာ နမ်းလိုက်သည်။

"သူအမှန်တရားကို သိသွားမယ်ဆိုရင် အဓိပ္ပါယ်က သူပြန်ကောင်းသွားပြီ ဆိုတဲ့သဘောပဲလေ, ကိုယ်တို့ သူ့အတွက် ပျော်ရွှင်ရမှာပါ"

"အမှန်ပဲ" အမေက သက်ပြင်းချသည်။

"ကျွန်မတို့ သူ့အပေါ် လိမ်ညာလှည့်စားမိထားတဲ့အပေါ် မုန်းတီးမှာကိုပဲ ကြောက်မိတယ်"

"သူမလုပ်ပါဘူး, ကိုယ်တို့ ဒီလိုလုပ်တာသူ့အတွက်ဆိုတာ သူလည်းနားလည်မှာပါ"

***

နောက်တစ်နေ့ မနက်ခင်းမှာတော့ ကျောင်းဟွာက အသစ်စက်စက် ဘူးနဲ့ထည့်ထားဆဲဖြစ်သည့် နာရီတစ်လုံး သူ့ထိုင်ခုံပေါ်မှာ ရှိနေသည်နှင့် မိတ်ဆက်လိုက်ရသည်။ သူက အံ့အားသင့်သွားရ၏။

ပိုင်ယန်ကသူ့ရှေ့မှာ လာရပ်ပြီး မပျော်မရွှင်ဖြင့် ပြောလာသည်။

"လက်ပက်နာရီဆိုတာ ဝတ်ဖို့ စိုက်ကြည့်ဖို့ မဟုတ်ဘူး"

"Mr ပိုင်,"

ကျောင်းဟွာက မူးနောက်နောက်နဲ့ ပြော၏။

"ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို နာရီလက်ဆောင် ပေးရတာလဲ?"

"ခင်ဗျားနာရီက အရမ်းရုပ်ဆိုးလို့" ပိုင်ယန်က တင်းမာစွာ ပြန်ဖြေသည်။

(Completed) Reborn as a good childWhere stories live. Discover now