" မဟုတ်ဘူး သူကမြေခွေးအိုကြီးတွေအကူညီနဲ့
ဒီနိုင်ငံကထွက်သွားတာ စိတ်မပူနဲ့ကိုယ်အပျက်
ရှင်းဖို့လူလွှတ်ပြီးသား"
" ပြီးတာဘဲ"
ဒီကမ္ဘာတွင်တော့ မင်းသက်လျာအဖြစ် အသက်
၈၀ထိနေခဲ့သည်။ စာသင်တဲ့အလုပ်ကို ဆက်
မလုပ်ဘဲ နေမင်းသူရိန် နဲ့အတူစီးပွားရေး
လောကထဲ ကူညီပေးခဲ့သည်။
——
Uni
ထိုနေ့ညက မွေးနေ့ပွဲလာသူတွေက ထိုဖြစ်ရပ်
ကိုကျောင်းpage တွင်တင်လိုက်တာကြောင့်
ပွဲဆူသွားသည်။နောက်တစ်နေ့မနက်တွင်တော့
ပိုပွဲဆူသွားရသည်က နွယ်နီကကျောင်းသား
လေးအားပိုက်ဆံပေးပြီးခိုင်းစေသည့် video
နှင့် နွယ်နီနဲ့သက်ဦးစံတို့ လုပ်ကြံရန်ပြောနေ
သည့်videoကြောင့်ဖြစ်သည်။
* တစ်ယောက်ယောက်လောက် ဒါကောလဟာဘလို့ပြောစမ်း*
* ဘာကြီးလဲ နွယ်နီက တစ်သက်လုံးကျွေး
မွေးလာတာမှမထောက် ယြကျွေးတဲ့လက်ကို
ပြန်ကိုက်ဖို့ သူ့လင်နဲ့ကြံရဲတယ်*
*ဆရာရေ အမျှအမျှ*
*အပေါ်ကတစ်ယောက်မှားနေပြီး ကန်တော့
ကန်တော့လို့ပြောရမှာ*
* ငါတို့ဆရာကိုပြောထားတာ ငရဲအိုးဂျိုးကပ်
တော့မယ် အဲ့ဒါဟိုကောင်မကြောင့်*
" ငယ် ကျေနပ်ပြီးလား"
"သိပ်ကျေနပ်တာပေါ့ ယောကျာ်းရယ်"
နေမင်းသူရိန်က နှာခေါင်းပွတ်ကာ
မင်းသက်လျာ နားဝင်ထိုင်လိုက်သည်။
" အော် ဒါနဲ့ နွယ်နီတစ်ယောက် ဘယ်သွားနေ
လဲမသိဘူးနော်"
" စိတ်မပူနဲ့ သူ့မှာနေစရာပေါတယ်"
" သက်ဦးစံကို ပြန်မလွတ်အောင် လုပ်ပေးအုံး
နော်"
"ကိုယ်သိပါတယ် "
ထိုချိန် အစေခံတစ်ဦးက တံခါးခေါက်ကာ...
" Boss အောက်မှာ မမလေးနွယ်နီရောက်နေ
ပါတယ်"
" စောင့်ထားခိုင်းလိုက်"
(တန်တန် သူမဘာလာလုပ်လဲ)
(သူမကို အမွေတစ်ဝက်ပေးဖို့လာတောင်းတာ
ပါ ပြီးတော့သူမက လိုချင်တာမရရင် host
မျက်နှာကိုဖျက်စီးဖို့ အက်စစ် ပါယူလာတယ်)