အခန်း ( ၁၃ )

281 10 0
                                    

Unicode

ရောက်ရောက်ချင်း ဇေယျာပြောလိုက်တဲ့ စကားကြောင့် ရူပါ ခန္ဓာကိုယ်ကိုပင် တောင့်ထားမိလိုက်သည်။

ဇေယျာကတော့ ရူပါ ဘာဖြစ်သွားသလဲ သတိမထားမိပဲ သူ့စကားကိုသာ ဆက်ပြောနေ၏။

" မန္တလေးတောင်တုန်းက ကိစ္စအတွက် ငါတကယ်တောင်းပန်ပါတယ်။ ငါမရည်ရွယ်ခဲ့ဘူးရယ်။ ပြီးတော့ အဲ့အချိန်ကစပြီး ငါ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နေခဲ့တာ ... အခု ငါ့ကိုယ်ငါ သေချာသွားပါပြီ ငါ မိန်းကလေးတွေကို မကြိုက်ဘူးရယ်။ ငါက ဂေးတစ်ယောက်ဆိုတာ ငါ့ကိုယ်ငါလက်ခံလိုက်ပြီ ရူပါ "

" နေ ... နေပါအုံး ဇေယျာရဲ့ ... ဒါဆို ငါကရော ... ငါ့ကို နင် တကယ်သဘောမကျခဲ့ဘူးလား "

မျက်ရည်ဝိုင်းကာ ပြောနေသည့် ရူပါ့မျက်နှာလေးကို အားနာစွာ ကြည့်လိုက်ပြီး

" ငါနင့်ကို သဘောကျပါတယ်။ ဒါပေမဲ့ အဲ့ဒါက နင်က စာတော်ပြီး ရုပ်ချောလို့ထင်တာပဲ။ တခြားသူတွေ နင့်ကိုသဘောကျသလိုမျိုးပေါ့။ ပြီးတော့လေ အဲ့အချိန်တွေတုန်းက ညီမင်းတို့က ငါ့ကိုအခြောက်လေးဆိုပြီး နှိမ်နေကြလို့ ငါက ငါ့ကိုယ်ငါ အခြောက်မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက် နင့်ကို အသုံးချသလို ဖြစ်သွားတာ။ အဲ့အတွက်လည်း ငါ တကယ်တောင်းပန်ပါတယ် "

" ညီမင်းပြောတာကို မခံချင်လို့ ငါနဲ့တွဲခဲ့တယ်လို့ ပြောတယ်နော်။ ဒါဆို အခု နင့်ကိုယ်နင် ဂေးတစ်ယောက်ဆိုတာ ဘယ်လိုလုပ်များသိသွားသလဲ "

" ငါ ... ငါ ... ငါနဲ့ အမျိုးတူယောကျာ်းလေးတစ်ယောက်ကို ချစ်နေမိပြီ ရူပါ။ သူ့ကို မြင်နေရရင်ကို ပျော်နေမိတာ၊ သူ အထင်လွဲသွားတာကို မခံစားနိုင်တာ၊ ပြီးတော့ သူရှောင်နေတုန်းကလည်း ဝမ်းနည်းနေမိတာ ... အဲ့ဒါက ... အဲ့ဒါ "

" သူရိန်ခန့်ညားမလား ... "

သူ့စကားကို ဖြတ်ပြောလာသည့် ရူပါ့ကို သူ အံ့ဩစွာကြည့်လိုက်မိ၏။ ရူပါက ဘယ်လိုလုပ် သတိထားမိသွားတာလဲ ... သူငယ်ချင်းဖြစ်တဲ့ သန့်ပိုင်တောင် မရိပ်မိတာကိုလေ ...

" နင်က ဘယ်လိုသိ ... "

" နင့်လိုပေါ့ ဇေယျာရယ် ၊ နင်က နင်ချစ်တဲ့ မော်နီတာ့တစ်မျက်နှာထဲကို ငေးကြည့်နေသလိုမျိုး ငါကလည်း ငါချစ်တဲ့ နင့်မျက်နှာလေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့တာမို့ နင်ဘယ်သူ့အပေါ်မှာ ခင်တယ် ၊ ဘယ်သူ့အပေါ်မှာတော့ ခံစားချက်တွေက သာမန်ထက်ပိုတယ်ဆိုတာ ငါသိရတာပေါ့ဟာ။ တကယ်တော့ ငါ နင့်ကို ပြန်တွဲဖို့ စဉ်းစားမယ်လို့ ပြောတဲ့အချိန်က စပြီး နင် သူ့ကိုကြည့်တဲ့အကြည့်တွေကို ငါသတိထားမိနေတာ "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now