"အဆင်ပြေရဲ့လားမင်းသွင်... မင်း အရက်မူးနေတာလား"

မင်းသွင်က နည်းနည်းမူမမှန်တာကြောင့် စိုးရိမ်စိတ်နဲ့မေးလိုက်မိပေမယ့်

"သွားစမ်းပါကွာ... မင်းလည်း သစ္စာဖောက်ပဲ... ငါ့နောက်ကျောကို ဓားနဲ့ထိုးတဲ့ကောင် ငါ့ကိုလာမထိနဲ့"

"ဆိုင်ကယ်ပေါ်တုန်းက ငါ့ပုခုံးပေါ်ကို မင်းအားကြီးနဲ့မှီပြီး လိုက်လာတုန်းကတော့ အဲ့စကားမပြောဘူး"

မင်းသွင်က သူ့စကားကိုနားမဝင်ပေ။ အဝတ်အစားတွေကို နေရာကျအောင် အနည်းငယ်ပြုပြင်ရင်း ခါးကြောနဲ့ဇတ်ကြောတွေကို အသံထွက်အောင် ဘယ်ညာလှည့်ကာအကျောဖြေနေသည်။ ပြီးမှ ခါးထောက်ကာ ရပ်ကြည့်နေသော သူ့ဘက်ကိုလှည့်ကာ

"မင်းပြန်တော့ ခန့်ဦးသာ... ငါ့ကိစ္စ ငါ့ဘာသာရှင်းမယ်"

"ဖြစ်မလားကွ... အောင်ဆွေဆိုတာ ဘယ်လိုလူစားလဲ မင်းသိလို့လား... လက်မရွံ့လူသတ်သမားကွ... မင်းလောက်ကတော့ ဟိုက မြှုပ်စားသွားမှာ သိလား"

"ငါက ကိုအောင်ဆွေအကြောင်း သိရအောင် မင်းက ပြောပြခဲ့လို့လား"

မင်းသွင်ကိုကြည့်ရတာ သူသစ္စာဖောက်ခဲ့တဲ့အပေါ် တော်တော်လေး အခဲမကျေ ဖြစ်နေပုံရသည်။

"ဟုတ်တယ် ငါ မင်းကို ဘာမှ မပြောခဲ့ဘူး....ဒါပေမယ့် ဒီညတော့ ငါမင်းကို တစ်ယောက်တည်းမထားခဲ့နိူင်ဘူးကွာ... ပြီးတော့ ငါလုပ်ရမယ့် အရာတွေက ရှိသေးတယ်"

"အဲ့တာဆို မင်းဘာသာမင်း သက်သက်သွား... ငါ့နောက်မလိုက်ခဲ့နဲ့"

မင်းသွင်က ပြောရင်းဆိုရင်းပင် တိုက်အိမ်ဘက်ကို အပြေးတပိုင်းချဥ်းကပ်သွားတာကြောင့် သူဆိုင်ကယ်သော့ကို အမြန်ဖြုတ်ရင်း မင်းသွင်နောက် ပြေးလိုက်ခဲ့မိသည်။ အချိန်က ည ကိုးနာရီကျော်သွားပြီဖြစ်တာကြောင့် ကိုအောင်ဆွေက သေချာပေါက် ထိုအိမ်ထဲမှာ ရောက်နေလောက်ပြီ ထင်သည်။ အိမ်အောက်ထပ်က တံခါးမကြီးကိုဖြတ်လျှောက်ပြီး အတွင်းပိုင်းထဲဝင်လာတဲ့အထိ အခြေအနေတွေအားလုံးက အေးအေးဆေးဆေးပင်။ ဧည့်ခန်းကိုဖြတ်ကျော်ကာ အတွင်းဘက်အခန်းတစ်ခုထဲကို ဝင်သွားသော မင်းသွင်ကြောင့် နောက်ကလိုက်ရန်ကြံလိုက်စဥ် သူ့နားထင်ကို လာရောက်ထိကပ်လာသော သေနတ်ပြောင်းဝတစ်ခုကြောင့် ခြေလှမ်းတို့ရပ်လိုက်မိသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now