Extra 2.2: လောင်ကုန်း/လောင်ကုန်း

Start from the beginning
                                    

ရှက်ရွံ့နေမိရင်း သူရှင်းပြလိုက်၏ : “ကျွန်တော်က ကိတ်လုပ်ဖို့စီနီယာအိမ်သွားခဲ့ရုံပါပဲ။ မူရင်းကိတ်က ရှစ်လက်မဆိုပေမဲ့ ပုံစံဖော်တဲ့အချိန် အချို့ကိုဖယ်လိုက်ရတယ်လေ။ အခု…ဒါက ခြောက်လက်မလောက်ပဲရှိတော့မလားပဲ?”

ရှန်ရိကျင်းက ကိတ်ကနေ သူ့အမြင်ကိုလွှဲဖယ်လိုက်ပြီး ပုံမှန်တောင့်တင်းနေတဲ့သူ့နှုတ်ခမ်းထောင့်က အပေါ်ကိုမြင့်မြင့်တက်သွားကာ : “ကိုယ်ဒါကိုကြိုက်တယ်”

ကိတ်ကို ဂရုတစိုက်ဖြင့် ဘားလေးပေါ်မှာတင်လိုက်ပြီး သူကရှက်ရွံ့နေတဲ့လူငယ်လေးကို လက်မောင်းထဲဆွဲသွင်းကာ ထပ်ခါတလဲလဲအနမ်းခြွေလိုက်သည် : “ကိုယ်အရမ်းကြိုက်တယ် ကျေးဇူးပါနော်ရှောင်ရွှင်၊ ကိတ်ကအရမ်းလှတာပဲ”

ဒီကိတ်ထဲမှာ ဘာအလှတရားမှမမြင်နိုင်တဲ့ကျင်ရွှင် : “…”

“အရင်စားကြရအောင်” ရှန်ရိကျင်းက အိုးထဲမှအကြော်အလှော်ဟင်းလျာတို့ကို မမေ့သေးဘဲပြောလိုက်သည်။

“…ဟုတ်” ကျင်ရွှင်ကခပ်မြန်မြန်ပင်လက်သွားဆေးလိုက်ုသည်။

ရှန်ရိကျင်းက မီးဖိုချောင်ထဲဝင်သွားပြီး အိုးထဲရှိဟင်းလျာကိုခပ်ထည့်လိုက်၏။

စတူးအိုးထဲမှာ ချက်ထားတဲ့အချိန်က အချိန်ကိုက်ပင်။ ကျင်ရွှင်လက်ဆေးပြီးနောက်ပြန်လာတဲ့အချိန် ဟင်းလျာခြောက်ခုလုံးက စားပွဲပေါ်မှာရှိနေလေပြီ။ ကိတ်ကိုတောင်ဘူးထဲမှထုတ်ထားပြီး ရှန်ရိကျင်းထိုင်ခုံရှေ့မှာ သီးသန့်ထားထားသည်…

အခု ဒီကိတ်က ပိုလို့တောင်ရုပ်ဆိုးနေသေး၏။

၎င်းကရှန်ရိကျင်းပြင်ဆင်ထားတဲ့ အရောင်အနံ့တို့ဖြင့်ပြည့်စုံနေသော အသားငါး၊အသီးအရွက်ညစာတို့ဖြင့် လုံးလုံးမနှိုင်းအပ်ပေ…

ပထမဆုံးအကြိမ် ကျင်ရွှင်အရှက်ရသလိုခံစားလိုက်ရသည်။

“ဒါက…ခင်ဗျား ဘယ်အချိန်ကချက်ပြီးသွားတာလဲ ဒီအစားအစာတွေကဘယ်လောက်ကြာလဲ”

ရှန်ရိကျင်းလုပ်ထားတဲ့ဟင်းလျာတို့ကိုအာရုံစိုက်ရင်း ကျင်ရွှင်ကခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။ ဒီအစားအစာက အရမ်းကိုများပြားထူးကဲလွန်းလှတယ်!

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now