"ကလေးလေး ၊ ရေခဲမုန့်တွေ တအားမစားနဲ့နော်။ လည်ချောင်းနာမယ် ၊ ဝမ်းပျက်မယ်"

အကိုသူရရဲ့ တားမြစ်သံ။ ကျွန်တော် တအံ့တသြနဲ့ ခေါင်းမော့ကြည့်လိုက်တော့ အကိုသူရက ကျွန်တော့်ဘေးမှာ မတ်တတ်ရပ်နေလေရဲ့ ၊ ဘယ်အချိန်ကများ ကျွန်တော့်ဘေး ရောက်လာလဲမသိပါဘူး။

"ဟုတ်။ တစ်ခွက်ပဲ စားမယ်နော်"

ကျွန်တော်ပြန်ဖြေတော့ လိမ္မာတယ်ဆိုပြီး ကျွန်တော့်ခေါင်းကို ပွတ်သပ်လေတယ်။

"ဟိုကောင်တွေက ဇွတ်ခေါ်နေလို့ ကိုယ် ဟိုဘက်ဝိုင်းမှာ ရှိနေမယ်နော်။ တစ်ခုခုဆို ကိုယ့်ကိုခေါ်။ ပြန်ချင်ပြီဆိုရင်လည်း လှမ်းခေါ်လိုက်နော် ၊ အဲ့ကောင်တွေကို ဘာမှ အားနာစရာမလိုဘူးသိလား"

"ဟုတ်"

"အင်း အင်း... ကိုယ်လည်း ကလေးကို မြင်ရတဲ့ဘက်ကနေ တစ်ချိန်လုံးကြည့်နေမှာပါ။ အဲ့တော့ ပြန်ချင်ပြီဆိုတာနဲ့ ကိုယ်တို့ဝိုင်းကိုသာ လှည့်ကြည့်လိုက် ဟုတ်ပြီလား"

"အင်းပါ။ သွားတော့ သွားတော့"

သူငယ်ချင်းတွေရဲ့ မင်းလင်ကိုတော့ တကယ်စိတ်ကုန်တယ်ဆိုတဲ့ မျက်နှာပေးတွေကြောင့် ကျွန်တော့်မှာ အကိုသူရကို အမြန်နှင်ရတယ်။ ဒါကို ကိုတော်ချောကလည်း မှာတမ်းခြွေလို့မပြီး။ အဲ့ဒါကြောင့်လည်း သူ့သူငယ်ချင်းတွေရော ၊ ကျွန်တော့်သူငယ်ချင်းတွေရောက သူ့ကို ကျွန်တော့်အမေဆိုပြီး စစနောက်နောက်နဲ့ ခေါ်နေကြတာ။

"အင်း အင်း... ညီလေးတို့ အကိုသွားပြီနော်"

သူထွက်သွားမှပဲ ကျွန်တော့်မှာ သက်ပြင်းချနိုင်တော့တယ်။ သူကတော့ ဘာရယ်မဟုတ်ဘူး ၊ ကျွန်တော့်ကို အရမ်းချစ်တော့ စိတ်မချတာပေါ့လေ။ ကျွန်တော်တစ်ခုခုဖြစ်မှာစိုးတော့ သူ့မှာ ဘာတဲ့ဆို ကျွန်တော့်ကို မှာတမ်းခြွေလို့မပြီးတော့ဘူး။ ကျွန်တော် အသက်နှစ်ဆယ်ကျော်နေပါပြီ ၊ အဲ့ဒါကြောင့် စိတ်ချပါလို့ ပြောလည်းမရဘူး။ အသက်နှစ်ဆယ်ကျော်ပြီဆိုပေမဲ့ ကိုယ်နဲ့ယှဉ်ရင် ကိုးနှစ်ကြီးတောင် ငယ်တယ်မလားတဲ့ ၊ အဲ့တော့ ကျွန်တော်က သူ့အတွက်တော့ ဘယ်အရွယ်ရောက်ရောက် ကလေးလေးပါပဲတဲ့လေ။ အဲ့လို အဲ့လို အကိုသူရစိုးက တကယ်ကို ပြောရဆိုရခက်တဲ့လူ။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now