အခန်း (54)

Start from the beginning
                                    

အခန်းတွင်းအပြင်အဆင်က သူမှတ်မိနေတဲ့ ပုံစံအတိုင်းလေးပဲ......အရာအားလုံးကို နေသားတကျ ထားသိုပေးထားတယ်.....စားပွဲပေါ်မှာ ကြုံသလို ပစ်တင်ထားဖူးတဲ့ပစ္စည်းတွေကိုတောင် အရင်တိုင်း တစ်ထပ်တည်းတူညီစွာ နေရာချထားပေး ထားတယ်....

အရာအားလုံး မပြောင်းလဲဘဲ တည်ရှိနေဆဲပင်....အိမ်မက်ဆိုးတွေကလွဲရင် အရာအားလုံး ဟိုယခင်တုန်းကလို မပြောင်းလဲခဲ့ပါဘူး.......

ခံနိုင်ရည်ကုန်ဆုံးသွားသူတစ်ယောက်လို ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး လက်မောင်းတွေကြား ခေါင်းဝှက်ထားလိုက်တယ်....တသိမ့်သိမ့်တုန်ရီနေတဲ့ ပုခုံးနှစ်ဖက်က ဒီကောင်လေး ငိုကြွေးနေမှန်း သက်သေခံပေးနေတယ်.....

[ရှဲ့ဟယ်: ကင်မရာတွေ တပ်ထားသေးလား]

[444: အင်း....]

[ရှဲ့ဟယ်: ဒယ်ဒီ့ရဲ့ ဒီအကျင့်က ပြင်ရခက်လိုက်တာ.....]

……………………………… ………………………………

တန့်ကျင်းဝမ်းက ပြောတဲ့စကားအတိုင်း လုပ်တတ်သူပါ....ထိုနေ့ကတည်းစပြီး ဖခင်ကောင်းတစ်ယောက်အဖြစ် ရှဲ့ဟယ်ကို ချစ်ပေးတယ် ဂရုစိုက်ပေးတယ်.....

ကောင်လေးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာမျိုးတွေကို ရှောင်ရှားပေမယ့်လဲ နေ့စဉ်ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေနဲ့ပတ်သတ်လာရင် စည်းကမ်းတင်းကြပ်ထားတယ်.....ဒီလိုလုပ်ရတာကလဲ ရှဲ့ဟယ်တစ်ယောက်တည်း အတွေးတွေလွန်ပြီး ကြောက်လန့်နေမှာစိုးရိမ်လို့ပါ.....

ကောင်လေးအထင်မြင်လွဲစေမယ့်အရာမျိုးတွေကို အခုချိန်ကစပြီး တန့်ကျင်းဝမ်း ဝေးဝေးရှောင်နေတတ်ပြီ.....

ဒါပေမယ့်လဲ ရှဲ့ဟယ်ဘက်ကတော့ မပြောင်းလဲဘဲ မထုံတက်တေးနေနေဆဲပါ....ဒါ့အပြင် " ဒယ်ဒီ " လို့လဲ လုံးဝမခေါ်တော့ဘူး....

တန့်ကျင်းဝမ်း အပြတ်အသတ်ရှုံးနိမ့်နေပါပြီ....ညတိုင်းညတိုင်း ကောင်လေး အခန်းထဲမှာငိုနေတတ်တာ သိပေမယ့် မသိချင်ယောင်ဆောင်ပြီး မချိပြုံးတွေ ပြုံးပြနေခဲ့ရတယ်....

တစ်ခုသောနေ့လေးမှာ....... တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို ရုတ်တရက်ကြီး.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now