အခန်း ( ၁၂ )

306 13 1
                                    

Unicode

" သူရိန် ... ခဏနားအုံးလေ "

ဇေယျာက သူရိန့်ကိုအဖော်ပြုပေးနေရင်း ပြောသည်။ အင်္ဂလိပ်စာ စွမ်းရည်ဖြေရမယ့် သူရိန့်ကို အားရှိအောင်ဆိုပြီး မုန့်တွေလည်း အများကြီးဝယ်ထားသေး၏။

~ ဂရုစိုက်ရမယ့်သူ မှားနေတာလား ဇေယျာ ~

သူရိန့်စိတ်ထဲက တွေးလိုက်မိသော်လည်း အပြင်ကိုထုတ်မပြောပေ။ ဇေယျာ့ဘက်က သူ့ကို ယခုလို ဂရုစိုက်ပေးနေတော့ သူ့စိတ်ထဲ ကျေနပ်မိသည်။

" ငါ ဒီအကြောင်း ခဏပြောကြည့်အုံးမယ် "

သူရိန်က ခေါင်းစဉ်တစ်ခုကို လက်ညိုးနဲ့ ထောက်ပြလိုက်ပြီး ပြောလေသည်။

" ငါက မင်းလိုမျိုး အင်္ဂလိပ်လို မပြောတတ်‌ဘူးလေ သူရိန်ရာ။ ဒီတိုင်း မင်းပြောတာကို နားမလည်ပဲ ထိုင်ကြည့်နေရုံပဲတတ်နိုင်မှာ။  မင်း အဆင်ပြေလို့လား "

" ရပါတယ် ဒီတိုင်းလေးပဲ ငါ့ကို ထိုင်ကြည့်နေပေးပေါ့။ ငါ့ဘာသာပဲပြောသွားလိုက်မယ်။ အခုကျ ကြိုတင်လေ့ကျင့်ထားတာပေါ့။ ခဏနေရင် ဆရာမဆီကို တစ်ခေါက်သွားပြောကြည့်မယ်လေ "

ထိုအခါမှ ဇေယျာက ခေါင်းညိတ်လက်ခံလေသည်။ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလို အဖြတ်အတောက်မှန်မှန် ၊ အသံထွက်မှန်မှန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနေသည့် သူရိန့်ရဲ့ အသံခပ်ဩဩဟာ သူ့နားထဲစွဲထင်လျက်။

~ သူရိန့်ကို ကြည့်ပြီး သူ့အသံနားထောင်နေရုံနဲ့တင် ရင်ဘတ်ထဲကအကောင်က ဘာလို့ဒီလောက်ထိ တုန်လာရတာလဲ။ နေ့လည်စာမစားရသေးလို့များလား ~

" ဇေယျာ ... ဇေယျာ "

သူခေါ်နေတာကို မထူးတဲ့ ဇေယျာ့ကို လက်မောင်းကနေ အသာကိုင်လှုပ်တော့မှ ကြွက်ဖြူလေးက သတိဝင်လာသည်။

" ဟင် .. အင်း ပြောလေ။ ပြီးသွားပြီလား ။ မြန်လိုက်တာ။ ငါ ဘာမှနားမလည်လိုက်ဘူး ဟီးဟီး "

သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိ ရယ်ကာပြောနေတဲ့ ဇေယျာ့ပုံစံမှာ ပိဘိကလေးလေးသဖွယ်။

" ကဲပါ။ ခဏနေရင် ထမင်းစားဆင်းတော့မှာ။ မင်း ဘာစားချင်လဲ။ ထမင်းချိုင့်ပါလား "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now