အခန်း (53)

Start from the beginning
                                    

အနာဂတ်အတွက် သေချာရေရာတဲ့ရည်မှန်းချက်တစ်ခုရှိလာပြီဆိုတော့ အရာရာအတွက် ကြိုတင်ပြင်ဆင်ထားရတော့မယ်......သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ချို့ကို ခွဲထုတ်ပြီး နိူင်ငံခြားဘဏ်တစ်ခုမှာ အပ်နှံထားပြီးပြီ....သူတို့နှစ်ယောက်အတွက် Passport အသစ်တွေရယ် အထောက်အထားအသစ်တွေရယ်ကိုလဲ လျို့ဝှက်စွာ လုပ်ဆောင်ထားပြီးပါပြီ.....ကောင်လေး သူနဲ့အတူ ထွက်သွားချင်တဲ့အချိန်ကိုသာ စောင့်နေရုံပါပဲ......

စီစဉ်စရာတစ်ချို့ စီစဉ်ပြီးချိန်မှာ အတော်ညဉ့်နက်မှသာ အိမ်ပြန်ရောက်ခဲ့တယ်.....

တရေးတမော အိပ်နေတဲ့ ရှဲ့ဟယ်တစ်ယောက် 444ရဲ့ သတိပေးသံကြောင့်နိုးလာခဲ့တယ်.......

[444: Host တာ့တာ့.....တန့်ကျင်းဝမ်း နင်းချီကို ဖမ်းဖို့ နင်းချီအိမ်ကိုသွားနေပြီ! !!!]

[ရှဲ့ဟယ်:Ok ငါသွားလိုက်မယ်....]

[444:  နေပါဉီး Host တာ့တာ့က ဘာအကြောင်းပြချက်နဲ့ အဲ့ကိုသွားမှာတုန်း +_+]

[ရှဲ့ဟယ်:  ဘာတွေ Serious ဖြစ်နေတာလဲ ဘေဘီရယ်....အကြောင်းပြချက်တစ်ခုသူ့အလိုလိုထွက်လာလိမ့်မယ်.....ငါသာ အခုနေအဲ့ကိုရောက်သွားရင် တန့်ကျင်းဝမ်းတစ်ယောက် မဟုတ်မဟပ်ပေါက်ကရတွေတွေးနေတော့မှာကွ......ညနက်သန်းခေါင်ကြီး အိမ်လိုက်လာတယ်ဆိုမှတော့...ဟီးးးဟီးးး....ကမ္ဘာပေါ်မှာ ဝမ်းနည်းစရာအကောင်းဆုံးခံစားချက်က ဘာလဲသိလား.....ကိုယ့်ဘာသာကိုယ်တွေးချင်ရာတွေးပြီး ပူလောင်နေရတာပဲ.....]

[ရှဲ့ဟယ်:  ရှိရှိသမျှ ယောက်ကျား မိန်းမတိုင်းက အချစ်နဲ့ပတ်သတ်လာရင် နဝေတိမ်တောင်ဖြစ်ကုန်ကြရော....]

[444:. .......]

နင်းချီရဲ့အိမ်ကို တစ်ကြိမ်ရောက်ဖူးတာကြောင့် လွယ်လွယ်ကူကူနဲ့ပဲ ရောက်သွားခဲ့တယ်....သူရောက်သွားချိန်မှာ အိမ်သော့က အဖျက်ခံထားရတဲ့အတွက် အသာလေးတွန်းဖွင့်ရုံနဲ့တင် တံခါးပွင့်လာတယ်......

သူ ဝင်ဝင်လာချင်းမှာတင် တစ်စုံတစ်ယောက်က သူ့ဒူးခေါင်းကို ဖြတ်ကန်လိုက်တာ​ကြောင့် လဲကျသွားခဲ့တယ်...ချက်ချင်းဆိုသလို လက်တစ်စုံက သူ့ပါးစပ်ကို အတင်းကာရော အုပ်ထားပြန်တယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now