အပိုင်း✨🍁(၁၉)

Start from the beginning
                                    

ဒဝီဦးခိုက်မှာတော့ ပြင်ဆင်နေသော ခတ္တရာသျှင်နွယ်တို့အနားထိသွားတော်မမူပဲ ခပ်လှမ်းလှမ်းကပဲ ရပ်ကြည့်နေတော်မူလိုက်သည်။
သျှင်းငယ်အနားသွားချင်ပါသော်လည်း ထိုနားတွင် အပျိုတော်များစွာရှိနေသဖြင့် မသွားလိုပေ။

ဘေးမှ မဏိသည်လည်း ကျောက်တိုင်ပမာရပ်ကာ ကြည့်နေသည်က မျဉ်းဖြောင့်တန်းများလိုပင် ကွေ့ကောက်‌သွားချင်းမရှိပဲ သခင်မလေးဆီကိုပဲ ဦးတည်နေသည်။
ဓားအိမ်ပေါ်လက်တင်ကာ စိမ်းညှို့ညှို့မျက်ခုံးများက ဖြောင့်တန်းနေပြီး စူးရှရှမျက်လုံးများဖြင့် မဏိဟာဆိုလျှင် သရေခေတ္တရာရှိအပျိုတော်လေးများ၏ အိမ်မက်ထဲမှ မင်းသားလေးပင်။
တိုင်းပြည်ဘုရင်၏ အားထားရသောကိုယ်ရံတော်၊ စစ်ပွဲတိုင်းတွင် အရှင်နှင့်အတူတူဦးဆောင်တိုက်ပွဲဝင်သူ၊ဖြောင့်မတ်မှန်ကန်သော လူလွတ်လူပျိုလေး မဏိသည် သူတို့၏ရင်ထဲတွင် ဂုဏ်ပုဒ်များစွာဖြင့် ဖြစ်တည်လျှက်ရှိသည်။
သို့သော်စိတ်မကောင်းစွာပင် မဏိ၏စိတ်ဝိဉာဉ်အလုံးစုံဟာတစ်‌စုံတစ်ယောက်အားအပ်နှင်းပြီးလေပြီဖြစ်သည်။
(#ကိုယ်နှင့်အပျိုတော်များအတွက်မျက်ရည်သုံးလေးစက်:3 )

အကုန်လုံးပြင်ဆင်ပြီးသွားပြီးနောက် ခတ္တရာ အပျိုတော်လေးများထဲမှ သကလပ်အသီးသီးကို လွှဲပြောင်းယူကာ အနီးကပ်ဆုံး တစ်ယောက်ကိုပဲ ခေါ်ခဲ့လိုက်သည်။
ဧကလေးနှင့်သက္ကမှာလည်း ကူသယ်ပေးသလို မဏိလည်း အလိုက်သိစွာပင် ကူသယ်ပေးသည်။

အကုန်လုံးလက်ထဲတွင် ပစ္စည်းအစုံအလင်ဖြင့် မအားလပ်နေသော်လည်း ထီးထီးကြီးရပ်နေသော ဒဝီဦးခိုက်ထံတွင်တော့ လက်ဗလာပင်။
အများသူငှာလိုသွားရောက်သယ်ယူဖို့ပြင်သော်လည်းပစ္စည်းများကမရှိတော့။ထို့အပြင် စောနက တိုးယူသယ်ဆောင်ရအောင်လည်း ဘုရင်၏ဂုဏ်‌ပုဒ်ဖြင့် မတင့်တယ်။
ထို့ကြောင့် ဒဝီအသာပင် သူတို့မျှတစွာသယ်နေသည်ကိုကြည့်လိုက်သည်။
သျှင်းငယ်လက်ထဲတွင်တော့ သကလပ်တစ်ခုနှင့်အတူ ‌ဖယောင်းတိုင်တစ်ချို့ကို ကိုင်ထားသည်ကိုတွေ့ရ၍ မသိမသာ အနားကိုသွားလိုက်ပြီး

“အဟမ်း!!သျှင်းငယ် ကိုယ်တော် ကူသယ်ပေးဖို့လိုသေးလား....”

*သွားပါ ခုမလာပြီး...စောနကကျ အပျိုတော်တွေရှေ့ ဟန်ရေးပြနေပြီး ခုမ အရေးတယူလာလုပ်မနေနဲ့... မင်းမြတ်ဧကဦးမာန်တို့က ရင်ကိုမခုန်ဘူး..ဟမ့် အပျိုတော်တွေကလည်း မျက်နှာအမျိုးမျိုး..ငါတို့လာတုန်းကကျ ငါတို့တစ်မျက်နှာပဲမြင်တာလိုလိုနဲ့ ခုကျ တစ်မျိုး...အော် တရားတွေလည်းရပါတယ်...*
ဧကလေးစိတ်ထဲတွင် ထိုသို့ပြောနေသောလည်း အပြင်တွင်တော့ မျက်နှာတည်လေးဖြင့်

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now