Extra 2.1: သဝန်တိုခြင်း/သဝန်တိုခြင်း

Start from the beginning
                                    

လက်ထောက်ရှောင်လုက လွန်ခဲ့တဲ့လအနည်းငယ်ကလက်ထပ်ခဲ့ပြီး သူ့ပါတနာကလည်းအမျိုးသားတစ်ယောက်ပင်။ ရှန်ရိကျင်းက တစ်ခါ သူဖုန်းပြောတာကိုကြားခဲ့ပြီး သူကတစ်ဖက်အမျိုးသားကိုလောင်ကုန်းလို့ခေါ်တာအား ကြားမိခဲ့ရသည်…

၎င်းကိုတွေးမိတော့ အရင်ကထန်းလီကလည်း ကျင်းကျဲ့ဟိန်ကို သူ့အားလောင်ကုန်းလို့ခေါ်ဖို့တောင်းဆိုဖူးသည်…

ရှန်ရိကျင်းက သူ့အတွေးတွေကိုပြန်ရုတ်လိုက်ပြီး ဖိုင်တွဲတစ်ခုထုတ်ယူကာ မျက်လွှာချလျက် အလျင်အမြန်စစ်ဆေးကြည့်ရှုလိုက်သည်။

တစ်ခဏကြာပြီးနောက် သူ့လက်ဘေးမှာထားထားတဲ့ကိုယ်ရေးကိုယ်တာဖုန်းက တုန်ခါသွားပြီး “ကျင်ရွှင်”ဆိုတဲ့စကားလုံးက ဖုန်းမျက်နှာပြင်ပေါ်၌ ပေါ်လာသည်။

ရှန်ရိကျင်း ချက်ချင်းပင်ဖုန်းကောက်ကိုင်လိုက်သည်။

[ကျင်ရွှင် : ခင်ဗျားအစည်းအဝေးရှိနေတုန်းပဲလား ရှဲန်းရှန်? အလွန်အကျွံမလုပ်နဲ့နော်၊ နေ့လည်စာစားဖို့ကိုလဲသတိရဦး!]

AI chipကို တရားဝင်ထုတ်လုပ်ခဲ့ပြီးနောက် နှစ်လအကြာမှာ ကျင်ရွှင်ကယခင်ကလောက်အလုပ်မများတော့ပေ။

သို့ရာတွင် သူကအများအားဖြင့် သူနဲ့အတူ ရှန်အုပ်စုအစည်းအဝေးသို့လိုက်မလာတတ်ပေ။

ဒါက အရမ်းကိုရိုးရှင်းတဲ့အကြံပေးမှုစာသားလေးပဲဆိုတာ သိသာနေသော်ငြား ဖုန်းမျက်နှာပြင်ကနေဖြတ်ပြီး ရှန်ရိကျင်းက သူ့ရဲ့ပြုံးနေတဲ့မျက်နှာလေးကို မြင်တွေ့နေရသယောင်ပင်။

တစ်မနက်ခင်းလုံး အမူအရာမဲ့နေခဲ့တဲ့သူ့မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုပေါ်ပေါက်လာသည်။

[ရှန်ရိကျင်း : ဟုတ်ပါပြီ မင်းရောပဲရှောင်ရွှင်]

[ကျင်ရွှင် : ဟားဟားဟား ကျွန်တော်က အခုလေးတင်စီနီယာလုပ်လာတဲ့နေ့လည်စာကို စားပြီးသွားတာ{ဓာတ်ပုံ}]

ရှန်ရိကျင်းက ၎င်းကိုနှိပ်လိုက်တော့ ကျင်ရွှင်ပို့လိုက်တဲ့ဓာတ်ပုံက လက်ရာမြောက်တဲ့နေ့လည်စာဘူးပင်။

အတွင်းဘက်မှာ ပုံသဏ္ဍာန်မျိုးစုံ၊အရောင်မျိုးစုံဖြင့် အမျိုးမျိုးသောစားစရာတွေရှိနေ၏။ အကြည့်တစ်ချက်နဲ့တင် ကြက်ဥလိပ်၊ အသီးအရွက်မွှေကြော်နှစ်မျိုး၊ အမဲနှပ် နဲ့ ပုစွန်ပြုတ်တို့ပင်။ တစ်ခုချင်းစီရဲ့ပမာဏက မတူညီပဲ ဒါက လူနှစ်ယောက်အတွက်မှန်း သိသာလှသည်…

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now