Kaung's POV

584 20 0
                                    

၂၀၀၄ခုနှစ်၊ စက်တင်ဘာလ

ကျောင်းတွင်းကာယအချိန် ဖြစ်လေသောကြောင့် ကျောင်းသားများသည် ကျောင်းဘောလုံးကွင်းသို့ထွက်သွားကြလေသည်။ မသွားနိုင်သေးသူမှာ စိုင်းကောင်းမင်းဝေ လို့ခေါ်တဲ့ ကျွန်တော်ပင်ဖြစ်သည်။

သူငယ်ချင်းဖြစ်သူ လင်း အပေါ် ပုံမှန်ထက်ပိုတဲ့ စိတ်ခံစားချက်ရှိနေသူ ကျွန်တော်သည် သူ့ကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချ။ ဖြစ်နိုင်ရင် လင်း ကိုကျွန်တော် ဘယ်သွားသွား ခေါ်သွားချင်သည်။ အခုလည်း ကျွန်တော်သာ အတင်းခေါ်ရင် လင်းက လိုက်လာမှာသိပေမယ့် ဘောလုံးကွင်းဘေးမှာ ထိုင်စောင့်မခိုင်းချင်။ အဲ့ဒါကြောင့် အခန်းထဲမှာ ထိုင်ပြီးပုံဆွဲနေသူကို ကျွန်‌တော့်အတွက် ရေခပ်ခိုင်းထားလိုက်မိသည်။ ပုံဆွဲဝါသနာပါတဲ့ လင်း ဘေးနားဆို မိန်းကလေးတွေ သိပ်ကပ်ကြသည်။ အသားဖြူဖြူ၊အပြုံးချိုချိုနဲ့ချစ်စရာကောင်လေး လင်းကို ‌မိန်းကလေးများသည် ကွယ်ရာတွင်တစ်မျိုး၊ပေါ်တင်တစ်မျိုး ကြည့်တတ်ကြသေးသည်။

လင်းကတော့ ဘာမှသိသူမဟုတ်။ အကုန်မြင်တွေ့နေရတဲ့ ကျွန်တော်သာ စိတ်တွေပူထူလာရသည်။ ထိုမိန်းကလေးများကို လင်းကို ဘာလို့ကြည့်တာလဲဟု သွားမေးချင်မိပါသော်လည်း သူတို့က နင်နဲ့ဘာဆိုင်လဲဟုမေးလာရင် ကျွန်တော့်မှာ ဖြေစရာမရှိပါ။ သူငယ်ချင်းတွေလို့ ဖြေရင်ရပေမယ့် ကျွန်တော်ထိုကဲ့သို့ မဖြေချင်။

ကျွန်တော့်ခံစားချက်တွေကို အသေအချာသိလိုက်ရတာက ခြောက်တန်းမတက်ခင် နွေရာသီအချိန် မား၏ မောင်ဖြစ်သူ ဦးငယ်သည် ပါရီမှ ကျွန်တော်တို့ဆီ အလည်ပြန်လာချိန်တွင် ဖြစ်သည်။ ဦးငယ်၏ သူနှင့်သူ့ကောင်လေး အတူရိုက်ထားသော ဓါတ်ပုံကို ကျွန်တော်အမှတ်မထင် တွေ့သွားမိသည်။ ထိုပုံထဲနွင် ဦးငယ်၏အပြုံးများသည် တောက်ပနေလေသည်။ ကျွန်တော်ပုံကိုကြည့်နေစဉ်မှာပင် ဦးငယ်ရောက်လာပြီး သူနှင့်သူ့ချစ်သူအကြောင်းကို ကျွန်တော့်ကို ပြောပြလာတော့သည်။

စကြားရချိန်တွင် ကျွန်တော်အံ့ဩမိသွားသည်။ ယောက်ျားလေးအချင်းချင်း သူငယ်ချင်းလိုမဟုတ်ဘဲ ချစ်သူတွေလို ချစ်လို့ရပါသလား ဆိုသော အဖြေကိုကား ဦးငယ်ကိုယ်တိုင်ပင် သက်သေခံနေလေသည်။ ဦးငယ်၏ စကားများကိုနားထောင်နေချိန် ကျွန်တော့်အာရုံထဲ ဝင်လာသည်က လင်း။ လင်း၏ နူးညံ့သည့်အပြုံးများကို မြင်ယောင်လာရင်းနှင့်ပင် ကျွန်တော့်ရင်ခုန်သံများ ဆူညံလာတော့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now