အခန်း (၈)

Start from the beginning
                                    

အချိန်နည်းနည်းကြာတဲ့အထိ ၊ လမ်းတွေကိုကြည့်ရင်း၊ခေါင်းရှုပ်လာရင်းခေါင်းရှုပ်လာတာကြောင့်မတ်တပ်ရပ်လိုက်တုန်း၊ ဘေးကအသံအကျယ်ကြီးကြောင့်လူကမိုက်ခနဲ။

ကျွီ ..... !

ပြီးတော့ စူးစူးဝါးဝါးအော်ဟစ်သံကိုလည်းကြားလိုက်ရသေးတယ် ။

" ဟယ် .... လုပ်ကြပါအုံး ကောင်လေးတစ်ယောက်ကို ကားတိုက်သွားပြီ! "

" မသန်စွမ်းလေးထင်တယ် ! "

တဖြေးဖြေးထိုနားတွင်လူတွေဝိုင်းအုံလာတာကြောင့်၊ နေသက်နွေးကိုယ်ကိုကြုံ့ကြုံ့လိုက်တယ်။ လူတွေမှာများပြားလာကာ၊ သူ့အားရှိသည်တောင်မထင်ကြ။

မွန်းကြပ်စရာကောင်းတဲ့လူအုပ်ထဲသူ့မှာ၊နေရထိုင်ရခက်လာပြီး၊အသက်ရူဖို့တောင်ခက်ခဲလာတယ် ။

ထွက်ပေါက်ကိုရှာပေမဲ့ ခြေလှမ်းတွေမှာ၊လှုပ်ရှားလို့တောင်မရ။ မြင်ကွင်းထဲဝင်လာတဲ့ ရှည်ရှည်လျားလျားလူတစ်ယောက်။ အဲ့လူပါပဲ ။ ရေသန့်ဘူးကိုအိတ်နဲ့ထည့်ဆွဲထားပြီး၊ ဘေးတခြမ်းသာမြင်ရတဲ့မျက်နှာမို့အမူယာကိုတော့မမြင်ရပေမဲ့၊အဲ့လူရဲ့ပုံစံကအာရုံတွေလွင့်နေသလိုမျိုး။

လူအုပ်ကြီးကြားကတိုးထွက်ပြီး​နောက်မှနေသက်နွေးမျော့မျော့ကလေးပဲကျန်တော့တယ် ။ များစွာသောချွေးနံ့တွေကသူ့ကိုတော်တော်လေးမူးဝေစေတယ်။

အဲ့လူနားကိုတဖြေးဖြေးလျှောက်သွားပြီးမြင်ရတဲ့အခါမျက်နှာသွင်ပြင်ကိုထင်ထင်ရှားရှားမြင်တွေ့လိုက်ရတယ်။

ညခင်း၊ညလယ်အိပ်မက်ဆိုးမက်တဲ့လူတစ်ယောက်လိုမျိုး၊ထိတ်လန့်မှုအပြည့်နဲ့အဲ့သည့်လူရဲ့မျက်ဝန်းညိုတွေကအခုတော့နီရဲနေခဲ့တယ် ။

" ဆ.... ဆရာ "

အရေးပေါ်ကားရဲ့အချက်ပေးသံကြောင့်ပတ်ဝန်းကျင်ကပိုဆူညံသွားတယ်။နေသက်နွေးရဲ့အသံက လေညှင်းလေးထက်တောင်တိုးသိမ်သွားသလိုပါပဲ။

လက်ဖဝါးကိုဖြန့်ရင်း၊အဲ့သည့်လူရဲ့လက့ကောက်ဝတ်ကိုတင်းတင်းဆုပ်ကိုင်ပြီးရမ်းခါလိုက်တော့၊နောက်ကိုလှည်ံကြည့်လာတယ် ။ အဲ့လူရဲ့အကြည့်အောက်မှာပဲနေသက်နွေးခေါင်းလေးတစ်ချက်စောင်းလိုက်မိသေးတယ်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now