အခန်း(၁၄)

Start from the beginning
                                    

"မင်း ဘာကိုရှာနေတာလဲ။ အဲ့ဒီ အရိုင်းအဆိုင်းသားရဲ ကိုလား။ " ကျွန်တော့်ပုခုံးပေါ်လာထိခတ်တဲ့ လက်တစ်စုံကြောင့် မှင်သက်သွားခဲ့ပြီး ခေါင်းကိုအနောက်သို့ လှည့်ကြည့်မိတော့ ကျွန်တော့်အား စူးစမ်းလိုသည့်သဘောဖြင့် စိုက်ကြည့်နေသည့် ရိုင်းကို တွေ့လိုက်ရသည်။ သို့နှင့် ကျွန်တော်လည်း ချက်ချင်းကို ပျာယာခတ်သွားပြီး အလိုအလျောက်နှင့် ရိုင်းကို ငြင်းခုံပြောမိသည်။

"အရိုင်းအဆိုင်းသားရဲ .... ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ စကားလဲ။ ဘယ်လိုအသုံးနဲ့ ညွှန်းဆိုလိုက်တာလဲ။ ငကြွားကြီး... ခင်များက ရေသူမတွေမဖမ်းမိခင်တုန်းကတော့ သူတို့က သိပ်ကိုဆွဲဆောင်မှုရှိတဲ့ မကောင်းဆိုးဝါးတွေ ဆိုပြီး ကြွားလုံးထုတ်ခဲ့တာ ကျွန်တော် မှတ်မိသေးတယ်။ !"

"ဒါပေမယ့် အခုက အထီးလေ၊ ရိုင်းစိုင်းတဲ့အထီး။ ဒက်ရှ်ရှဲရိုး ... အဲ့ဒီသားရဲရဲ့ အသွင်အပြင်ကြောင့် အရူးဖြစ်မခံနဲ့ !"

ကျွန်တော့်မျက်နှာကိုကြည့်ပြီး အကြောင်းအရာတစ်ခုခုကို ပြန်ပြီးအမှတ်ရတွေးတောနေသလို ရိုင်းရဲ့မျက်နှာထက်က အမူအရာတို့က လေးနက်လာသည်။ 'မုချမလွဲဘဲ ပြင်းထန်တဲ့ဒေါသတွေကြားမှာ စိတ်ကိုလည်း အတင်းအကြပ်လျော့ထားရင်း ရိုင်းက သွားကြားအတွင်းမှ စကားလုံးတစ်ချို့ကို လှစ်ဟပြောလာခဲ့သည်။

"အဲ့ဒီကောင်က မင်းကို ....."

"ဟိုမှာ ကြည့် ဒက်ရှ်ရှဲရိုး ၊ အဲ့ဒါ ငါတို့ရဲ့ အပြောင်မြောက်ဆုံးဖန်တီးမှုပဲ !"

ကျွန်တော့်အရှေ့ဘက်တွင်ရှိနေသော စာခါရိုမှ အော်ပြောလိုက်သည်။ ကျွန်တော်အပေါ်ဘက်သို့ မော့ကြည့်လိုက်တော့ တဖြည်းဖြည်းနိမ့်ကျနေသည့် ဓာတ်ခွဲခန်း၏ အလယ်တွင်ရှိနေသော အမဲရောင်တိုင်၏အတွင်းဘက်နံရံကို တွေ့လိုက်ရသည်။ မြင်ကွင်းက အလုံးစုံရှင်းလင်းသွားခဲ့ပြီး ထိုအရာက ကျွန်တော့်မျက်ဝန်းထဲ ပေါ်လွင်လာတဲ့အချိန် ဘယ်လိုမှမတတ်နိုင်ဘဲ အူလှိုက်သည်းလှိုက်ဖြစ်ပေါ်လာသည့် အာမေဋိတ် အသံတစ်ခုကို အလိုအလျောက်ထုတ်လိုက်မိသည်။

'အဲ့တာ ရေသူမ ....ပဲ ! Omg !'

ကျွန်တော့်မျက်ဝန်းတွေက လုံးဝဆွဲဆောင်ခံလိုက်ရပြီး ကျွန်တော့်ခြေလှမ်းများပင် ထိုတိုင်အနားသို့ဆွဲခေါ်ခံလိုက်ရကာ ကိုယ့်မျက်စိကိုယ်မယုံကြည်နိုင်သည့် အနည်းငယ်သောသံသယစိတ်များဖြင့် မှန်နံရံကိုမှီလျက် ရေသူမကိုသေချာကြည့်မိသည်။

Desharow's MermanWhere stories live. Discover now