ဒါပေမဲ့ ကောင်လေးက ဝိဉာဉ်ကူးပြောင်းလာတဲ့လူဖြစ်ပြီး တကယ့်ကလေးအစစ်မဟုတ်မှန်း သိလိုက်ရတဲ့အချိန် ရွယ်တူတွေလို စတင်မြင်ယောင်လာခဲ့တယ်။ အဲ့တာက မြို့တော်ကို ပြန်မရောက်ခင် အချိန်အထိပဲ။ ရင်းဝူရွှမ်ရဲ့ ကောင်လေးအပေါ် ညစ်ညမ်းတဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အချိန် သည်းမခံနိုင်တော့ဘူး။ တစ်ဖက်မှာလည်း သူကိုယ်တိုင်က ကောင်လေးအပေါ် ချစ်ခြင်းပြင်းပြတဲ့ အကြည့်မျိုးနဲ့ ကြည့်နေမိတာလားဆိုတာ မတွေးဘဲမနေနိုင်တော့ဘူး။

ကောင်လေးအပေါ် သူ့ရဲ့ပိုင်ဆိုင်လိုစိတ်က အချစ်ဆိုတာ သူ,မသိခဲ့ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက ကောင်လေးကို အဆုံးရှုံးမခံနိုင်ဘူးဆိုတာပဲ။ ကောင်လေးမရှိပဲ မနေနိုင်မှတော့ သူ့ရဲ့လက်ဖဝါးထဲမှာ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်အောင် လုပ်ရလိမ့်မယ်။

တစ်ခုပဲ။ ပထမဆုံးအကြိမ် သူ့ရဲ့အချစ်တွေကို ဖွင့်ဟဝန်ခံဖူးတာဆိုတော့ လုပ်ဆောင်ရမယ့် ကိစ္စတော်တော်များများကို သူ,မသိဘူး။ အဲ့တာကြောင့် ကောင်လေးရဲ့ အရင်ဆုံး ရင်းနှီးကျွမ်းဝင်ချင်တဲ့ အစီအစဉ်ကို အလွယ်တကူ သဘောတူလိုက်တယ်။ သူကိုယ်တိုင်လည်း အချစ်အကြောင်း သင်ယူဖို့ လိုအပ်သေးတယ်လေ။

“စတွေ့တုန်းကလား.. ခင်ဗျားရဲ့ပုံစံက အခုလို မဖော်ရွေပါဘူး..!”

ရွှယ်ယို့ရှန်းက သဘောထားကြီးတဲ့လူမျိုး မဟုတ်ဘူး။ စတွေ့တုန်းက ရင်းဆုယဲ့ရဲ့ပုံစံက အရမ်းအေးစက်ပြီး ထောင်လွှားလွန်းတာကို မှတ်မိနေသေးတယ်။ အဲ့တုန်းကဆို သူ့မှာ အသက်ရှင်နိုင်ဖို့အတွက် ရင်းဆုယဲ့ကို ဘိုးဘေးတစ်ယောက်လို ရိုသေနေခဲ့ရတာလေ..! ရင်းဆုယဲ့အကြောင်း ပိုသိလာပြီး ရင်းနှီးသွားတော့မှသာ တဖြည်းဖြည်း စိတ်လျော့နိုင်ခဲ့တာ။

“အခု လက်တုံ့ပြန်လို့ရတယ်..”

သိသာစွာပဲ ရင်းဆုယဲ့လည်း အတိတ်က သူလုပ်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တယ် ထိုအချိန်တုန်းက ကောင်လေးအပေါ် သူ့ရဲ့ဆက်ဆံပုံက သိပ်မကောင်းခဲ့တာကြောင့် သူ့ရဲ့အမှားကို ချက်ချင်း ဝန်ခံလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now