မုန့်ဆိုင်ကကောင်မလေး Ch (5)
Flash back ...
တစ်ချိန်မဟုတ်တချိန် တစ်ရက်မဟုတ်တစ်ရက် အဲ့မုန့်ဆိုင်ကကောင်မလေးနဲ့ မထင်မှတ်ပဲ ခဏခဏတွေ့နေမိတယ် ၊ကိုယ့်ဘက်ကဘယ်လိုချေချေ သူမကပြုံးနေတုန်းပဲ နောက်ဆုံးတော့ကိုယ့်ဘက်ကပဲအလျှော့ပေးပြီး သူမကို သူငယ်ချင်းလုပ်ပါ့မယ်လို့ကတိပေးလိုက်ရတယ် ကတိပေးလိုက်တဲ့နေ့ကစပြီး အိမ်ကိုချောင်းပေါက်မတက် ရောက်ရောက်လာတော့တယ်၊တစ်ခါတလေ သူ့ဆိုင်ကမုန့်တွေအကုန်လုံးနီးပါးယူယူလာပြီး ရုပ်ရှင်ကြည့်ဖို့ပူဆာတယ် တခါတလေ မမဖျော်တဲ့ကော်ဖီသောက်ချင်တယ်လို့ပူဆာတယ် ကြုံရင်ကြုံသလို အိမ်ကမေမေကိုလည်း မမကသမီးကိုအရမ်းနိုင်တယ်သိလားမေမေဆိုပြီး ကပ်ချွဲသေးတာ ဒါပေမယ့် ဒါတွေအားလုံးကတကယ်တန်းတော့ မုန်တိုင်းမလာခင်အရင်လာတက်တဲ့ မိုးအနံ့ပါတဲ့လေပြေတွေပါပဲ ၊အဲ့နေ့က ...
"မမရေ ဒီနေ့ဘာနေ့လည်းသိလား "
"သိတယ်လေ ဖေဖော်ဝါရီ- 14လေ""ဟာ မမကလည်း ဒီနေ့ချစ်သူများနေ့လေ မသိဘူးလား"ပါးစပ်ကလည်းပြောပြီးအငြိမ်မနေ အိပ်ရာပေါ်ခြေဆင်းပြီး ဂိမ်းဆော့နေတဲ့ ကိုယ့်ခြေထောက်လာကိုင်ပြီး ပွတ်သပ်နေတယ်။
"ဪ အက်တာလား ၊ဘာလို့လည်း သိတယ်လေ"
"ဟင်း မမကလည်း ဘယ်လိုကြီးဖြေတာလည်းလို့ ၊ဒါမဲ့လေမမ ပန်းခြံပြပွဲရှိတယ်လေ မသွားဘူးလား မမ ငယ်သွားမလို့ သူငယ်ချင်းတွေနဲ့လေ မုန့်သွားစားမယ် လျှောက်လည်မယ် မမလိုက်ခဲ့ပါလားနော်" သူ့ရဲ့ရွှဲစိုပြီး ချက်ချင်းမျက်ရည်တော့မယ့်ပုံနဲ့ ပါပီလေးအရိုးမျှော်နေသလို နှုတ်ခမ်းကိုစူပြီး ကိုယ့်ကိုပူဆာပြန်တယ်၊ပါးစပ်ကပူဆာရုံနဲ့မပြီး လက်ကခါးကိုလာဖက်ပြီး နော် နော်နဲ့တနော် တဲနော်နေပြန်တယ်၊ခက်တာက ကိုယ်ကညပိုင်း သင်တန်းရှိတယ် အရင်ရက်ပျက်များနေတော့ တီချယ်ဆူတော့မှာဖျက်မရဘူးဖြစ်နေတယ် ဒီကောင်မလေးတော့ စိတ်ကောက်အုန်းမယ်။
"အာ..မမညပိုင်းသင်တန်းပြည့်နေတယ် ၊ပြီးတော့ ပိက်ရက်များနေလို့ ဒီနေ့ပျက်ရင် မမကိုထုတ်လိုက်မှာကြောက်လို့ ပျက်လို့မဖြစ်ဘူး လိုက်ချင်ပါတယ် ငယ်ရယ် မမလေတကယ်မအားဘူးဖြစ်နေလို့ ငယ့်သူငယ်ချင်းတွေနဲ့ပဲသွားလိုက်နော်"