Ep- 33.1

443 33 1
                                    

Zawgyi

   တိတ်ဆိတ်လွန်သောအခန်းငယ်လေးထဲဝယ်
ပြန်လည်ဆုံစည်းကြသောမိသားစုထမင်းစားဝိုင်း
လေးကအေးစက်နေလေရဲ့
     တိတ်ဆိတ်သံတွေကိုစတင်ဖြိုခွင်းလိုက်သူက
တော့baekhyunရဲ့ဖေဖေByun Daehyunပင်

     '' မြေးလေးကိုဘာလို့မခေါ်လာတာတုန်း''

Baekhyunလည်းဖေဖေမေးလာသည့်စကား
ကြောင့်

    ''  ဟို သားကခုနလေးကနို့ဗူးသောက်ပြီးအိပ်
သွားလို့အခန်းထဲမှာပဲသိပ်ခဲ့တာဖေဖေ ''

Daehyunလည်းသားဖြစ်သူပြောလာသည့်
စကားနောက်ထမင်းကိုသာဆက်လက်စားနေလိုက်၏

    ထမင်းစားသောက်ပြီးသည်နှင့်အခန်းထဲဝင်သွားသောဖေဖေ့နောက်သို့baekhyunလိုက်
သွားခဲ့သည်
  

    ''ဖေဖေ ''

Baekhyunခေါ်သံနောက်လှည့်ကြည့်လာသော
ဖေဖေ့မျက်ဝန်းများကအရင်လိုအတ္တများဖုံးလွှမ်းနေ
သလိုမဟုတ်ပဲ အေးချမ်းခြင်းကိုဆောင်ယူနေလေ
သည်
   
Baekhyunလည်လှည့်ကြည့်လာသောဖေဖေ့
ကိုကြည့်ကာ

    '' ဖေဖေ သား ဖေဖေ့ကိုပြောစရာရှိလို့ ''

Baekhyunဘက်ကပြောလိုက်သည့်အခါ
ဖေဖေကအလုပ်စားပွဲရှိရာထိုင်ခုံတွင်ထိုင်ကာ

   ''  ဘာပြောမလို့လဲ ''

Baekhyun ဖေဖေမေးလာသည့်အမေးနောက်
ဖေဖေထိုင်နေသောထိုင်ခုံရှေ့တွင်ဒူးထောက်ကာ
လက်ခုပ်ချီ၍

  '' ဖေဖေ့ သားတစ်ယောက်အနေနဲ့တာဝန်မကျေပွန်ပဲထွက်သွားခဲ့တဲ့ သားကိုခွင့်လွှတ်ဖို့မတောင်း
ဆိုဝံ့ပေမဲ့
     သား ဖေဖေ့အပေါ်မှားခဲ့တဲ့အမှားတွေကိုတော့
တောင်းပန်ပါရစေ ''

Daehyun သားဖြစ်သူပြောလာသောစကားနှင့်
ပြုမူလာသောအပြုမူလေးကြောင့် စိတ်မကောင်း
ဖြစ်မိ၏အရင်က သူသားအပေါ်ကိုအတ္တကြီးစွာ
ချုပ်ချယ် ချုပ်နှောင်ခဲ့သည်ပင်
    သူသည်လည်း သားဖြစ်သူအပေါ်မှားယွင်းခဲ့သည်မလား ကိုယ့်ကြောင့် သားငယ်လေးခမျာမိဘရင်ခွင်နဲ့ဝေးကွာခဲ့သည်မလား

ထိုနောက်Daehyunလည်းမိမိထိုင်ခုံအောက်
တွင်ဒူထောက်ထားသောသားဖြစ်သူကိုဆွဲထူကာ

                  My youth and my love  (completed) Where stories live. Discover now