Zawgyi
Baekhyun လည်းစိတ်ညစ်ညစ်နဲ့စာလုပ်နေသည်မှာဘယ်အချိန်ရှိသွားပြီလည်းမသိတော့ ပေ
ထိုနောက်နာရီကိုတစ်ချက်ကြည့်လိုက်၏ ည ၁၀နာရီကိုအချက်ပြနေသောနာရီကြောင့် လုပ်လက်စ စာများကို ဆက်မလုပ်တော့ပဲ အိပ်ရန်ပြင်လိုက်၏
ထိုအချိန် တစ်နေရာမှထွက်ပေါ်လာသောအသံတစ်သံကြောင့် ရှာနေမိ၏🎶🎶 My youth is you 🎶🎶
နောက်ဆုံးမှာ မနက်က yeolပေးခဲ့သောဖုန်းအ
ကြောင်းကိုသတိရသွားကာ ကျောပိုးအိတ်ထဲမှာ
ရှိသော ဖုန်းကို အမြန်ထုတ်လိုက်၏ပြီးနောက်'' Hello ''
တစ်ဖက်မှ
'' Hello hu ''
'' yeolလားး ''
'' Omm ''
'' Hu မနက်ဖြန်ကျောင်းလာရင် ကျောင်းကခေါင်မိုးထပ်မှာကိုတို့တွေ့ရအောင် ''
'' အခန်းထဲမှာလည်း တွေ့လို့ရနေတာပဲကို yeolကလည်း ''
'' ကိုယ်မင်းကိုအရေးကြီးပြောစရာရှိလို့ hu
လာတွေ့ ဖြစ်အောင်တွေ့ပေး နော် hu '''' ဟုတ်ပြီလေ အဲ့ဆို မနက် တွေ့ကြတာပေါ့ ''
'' ဒါနဲ့ huက ဒီအချိန်ထိမအိပ်သေးပဲဘာလုပ်နေတာလဲ ''
'' မနက်က ပေးလိုက်တဲ့စာတွေလုပ်နေတာ
yeolကော '''' ကိုလား ကိုယ် ကတော့ တစ်စုံတစ်ယောက်ကိုလွမ်းနေတဲ့ အလုပ်ကိုလုပ်နေတာ''
'' သြော် ''
'' ဒါဆို ဖုန်းချလိုက်တော့မယ်နော် hu
မနက်ကျဆက်ဆက်လာခဲ့နော် '''' Omm ပါ ''
တစ်ဖက်မှဖုန်းချလိုက်သည်နှင့် baekhyun
စိတ်ထဲတွင်တစ်မျိုးကြီးဖြစ်နေမိ၏
Yeolမှာက ချစ်သူတွေဘာတွေရှိနေခဲ့တာလား မနက်ဖြန်တွေ့မယ်ဆိုတာ ဘာအကြောင်းပြောဖို့ပါလိမ့် baekhyun တစ်ယောက် yeolမှာချစ်သူရှိနေသည်ဆိုတဲ့အတွေးကိုတွေးမိလိုက်ရုံနှင် ရင်ဘက်ထဲကနေအမျိုးအမည်မသိသော ဝေဒနာကိုခံစားလိုက်ရ၏အမှန်တိုင်းဝန်ခံရလျှင် baekhyun yeolကို စတွေ့ထဲက စိတ်ဝင်စားနေသည်မှာအမှန်ပင်
မျက်ခုံးများတွန့်ကြုံ့ကာ ကျစ်ကန်ကန်အကြည့်လေးတွေနှင့် yeolပုံစံက baekhyunရဲ့အာရုံကိုဖမ်းစားထားနိုင်သည်မှာအမှန်ပင် baekhyunရဲ့
အတွေးတွေထဲမှာအမြဲစိုးမိုးလျက်ရှိနေသည်မှာလည်း yeolအကြောင်းတွေသာဖြစ်၏
ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ကို စိတ်ပူပေးခြင်း ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ကို စောင့်မျှော်နေခြင်း ပထမဆုံးအကြိမ် သူစိမ်းတစ်ယောက်ကြောင့်ကိုယ့်ဘဝမှာလွတ်လပ်စွာလျှောက်သွားဖူးခြင်း ပျော်ရွှင်ရခြင်း နှင့် ပထမဆုံးအကြိမ်နှလုံးသားကချစ်မိခြင်းဆိုသလို baekhyunရဲ့ပထမဆုံးအရာတွေကိုအပိုင်ရထားသည့် သူစိမ်းတစ်ယောက်က တော့ yeolဖြစ်နေ၏ ထိုအကြောင်းအရာများကိုတော့ yeolသိမည်မထင်
လောဘကြီးတယ်လို့ပဲဆိုရမလား ကျွန်တော်လည်း yeolရဲ့ပထမဆုံး ချစ်တဲ့သူတစ်ယောက် ဖြစ်ချင်မိ၏ ဒါပေမဲ့အခုတော့ မဖြစ်နိုင်တော့ဘူးထင်ပါတယ် ချစ်မိနေတာကိုဝန်မခံခင်မှာပဲ
သူငယ်ချင်းအဖြစ်နဲ့သာ ပြီးဆုံးသွားမည်ထင်သည်
![](https://img.wattpad.com/cover/281382051-288-k950236.jpg)
YOU ARE READING
My youth and my love (completed)
Fanfictionမောင်ရဲ့အနာဂတ်ခရီးလမ်းတွေကို ရှေ့လျှောက်huနဲ့ပဲအတူတူဖြတ်သန်းသွားတော့ မယ် Park chanyeol ဆင်ရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေနာဖျားသည်ဖြစ်စေ hu ကတော့မောင်နဲ့ပဲအသက်ဆုံးတိုင်သည့်အထိ အတူတူအိုမင်းတဲ့အထိနေထိုင်သွားမယ် ...