part 20

1.7K 126 0
                                    

One in a million
Part 20
-------
အိမ်မှာထိုင်နေရင်းနဲ့ထမင်းအိုးတည်နေတုန်း အိမ်ရှေ့ကတံခါးဖွင့်သံကြောင့်
မီးဖိုခန်းထဲကနေခေါင်းလေးထွက်ကြည့်မိသည် မောင်ကသူ့ရဲ့သူငယ်ချင်း
ကျိရန်နဲ့အတူဝင်လာပြီး ဧည့်ခန်းမှာထိုင်နေသည်
ထမင်းအိုးကလည်းကျက်နေပြီဆိုတော့ ပိတ်လိုက်ပြီးသူတို့2ယောက်ရှိရာကို
သွားလိုက်သည် စကားပြောနေတာကိုမသိချင်ယောင်ဆောင် ပြီးတမင်တကာ
Ybပေါင်ပေါ်မှာဝင်ထိုင်လိုက်သည်

"ဘာလုပ်တာလဲ ဖယ်"

"မဖယ်ပါဘူး ကိုယ့်ယောကျ်ားပေါ်မှာကိုယ်ထိုင်တာ ဘာဖြစ်လဲ"

"ကျစ်!"

"...."

လင်မယားနှစ်ယောက်အခြေအနေမကောင်းတာကိုသတိထားမိတဲ့ကျိရန်က
အလယ်ကနေဝင်ဖြေလိုက်သည်

"yb ရာxzကသူ့တင်နာနေလို့နေမှာပါကွာ မင်းကလည်းကိုယ့်အမျိုးသားပဲကို"

"ဟူး...ပြီးရော"

သူငယ်ချင်းပြောတာကြတော့တစ်ချက်ထဲငြိမ်သွားပြီးဘာစကားမှမပြောတော့
သောမောင့်ကိုကြည့်ပြီးအံ့ဩမိသည်

"ဒါနဲ့ကျိရန်မင်းငါ့ကိုကြွားမယ်ဆို"

"ဟုတ်တယ် ဒန့်..ဒန့်"

ကျိရန်ကသူ့လက်ကိုထောင်ပြသည် အလယ်မှာနေရာယူနေတာကလက်စွပ်
လေးတစ်ကွင်း

"မင်္ဂလာတောင်မဆောင်ရသေးဘူးမင်းကအခုထဲကဝတ်ထားပြီလား...
ကောင်းတယ်"

"ဟုတ်တယ် ပျောက်သွားမှာကြောက်လို့ကွ"

အလယ်ကနေကျောက်ရုပ်လိုဖြစ်နေတာကxz သူတို့ဘာတွေပြောနေကြလဲ
ဆိုတာနားမလည် ကျိရန်စီမှာမင်္ဂလာလက်စွပ်ရှိနေတာလား ဘယ်သူနဲ့လဲ
-------
"အမယ် မင်းကနှင်းဆီပင်တွေစိုက်လို့ပါလားကွ"

ကျိရန်ပြောတော့မှပဲ ခြံရှေ့မှာနှင်းဆီပန်းအနီတွေစိုက်ထားတာသတိရသည်
အရင်ကသူရေအမြဲလောင်းတယ် xzကိုစိတ်ဆိုးပြီးတဲ့အချိန်ကနေစပြီးရေမ
လောင်းတော့တာ အခုတော့နည်းနည်းညှိုးနေလေပြီ

"ဟုတ်တယ် နောက်ပြီးရင်ပစ်တော့မှာလေ"

"ဘာလို့လဲကွာ လှတာကိုရေလေးပုံမှန်လောင်းရင်လှလာတယ်ကွ"

One in a million Where stories live. Discover now