One in a million
Part 6
---- ----- ---- ---- ----
ခြင်းတောင်းလေးထဲကို စားပွဲခင်းအရှည်လေးခေါက်ပြီးထည့်လိုက်ပြီး
ရေဘူးလေးနှစ်ဘူးနဲ့ ခုနကလုပ်ထားတဲ့ဖက်ထုပ်ပြုတ်တွေနဲ့ဖက်ထုပ်ကြော်
တွေကိုထည့်ထားလိုက်သည် အချစ်ကအခုထက်ထိမဆင်းလာသေး
သူပါအိမ်ပေါ်လိုက်တက်ဖို့ပြင်တော့ ဟိုကအောက်ဆင်းလာလေပြီ"အချစ် ဘာလို့ကြာနေတာလဲ "
"ဘာမှမဟုတ်ဘူး ရေမိုးချိုးနေလို့"
"အော်....အချစ် ဟိုမှာဖက်ထုပ်လုပ်ပေးထားတယ် ကိုယ်ရေသွားချိုးလိုက်
ဦးမယ်နော် နောက်ပြီးရင်အပြင်သွားစရာရှိတယ် လိုက်ခဲ့ချည်"Ybကပြောရင်းနဲ့အပေါ်ထပ်ကိုတက်သွားလေပြီ xzကအောက်ကအုပ်စောင်းလေးကိုဖွင့်ကြည့်လိုက်တော့ ဖက်ထုပ်ပြုတ်
လေးတွေနဲ့ဖက်ထုပ်ကြော်လေးတွေ ဘေးနားကနေအဆင်သင့်ချထား
တဲ့တူကိုကောက်ကိုင်ကာ စားနေလိုက်သည် ခုနကybကအပြင်ခေါ်သွား
မယ်ဆိုတော့ ဖုန်းထုတ်ကာသူငယ်ချင်းတွေကိုဒီနေ့မတွေ့သေးဖို့ပြောလိုက်
သည် xzသူငယ်ချင်းတွေကလည်းသူဌေးတွေကြီးပဲအတော်လေးကြာတော့မှybပြန်ဆင်းလာတာကို xzဖုန်းကြည့်နေရင်းနဲ့
မျက်လုံးလေးလှန်ကြည့်နေလိုက်သည် ပြီးတော့မှဂရုမစိုက်သလိုနဲ့ဖုန်းကို
အာရုံပြန်ပို့ထားလိုက်သည်"အချစ် စားလို့ပြီးပြီလား"
"....အင်း...."
Ybကစားထားပြီးသားxzပန်းကန်တွေကိုဆေးနေလိုက်သည် xzကတော့
ထိုနေရာကနေထကာ ဧည့်ခန်းထဲသွားပြီးဖုန်းနှိပ်နေလိုက်သည်"အချစ် သွားမယ်"
"အင်းအင်း"
ခုနကပြင်ထားတဲ့ခြင်းတောင်းလေးကိုယူကာ အပြင်ကိုထွက်လာလိုက်ပြီး
တံခါးကိုသေချာပြန်ပိတ်နေလိုက်သည် xzကတော့အနောက်ကနေ
ရပ်ကြည့်နေလိုက်သည်"သွားမယ်"
"လမ်းလျှောက်သွားရမှာလား ဆိုင်ကယ်နဲ့မသွားဘူးလား "
"ဆိုင်ကယ်နဲ့က ဆေးပြန်သုတ်ရမယ်အချစ်ရဲ့ ဆီကုန်တယ် လာပါသွားရ
အောင် အချစ်ညောင်းရင်ကိုယ်ကုန်းပိုးပေးမယ်လေ"