Part 8

1.3K 119 1
                                    

One in a million
Part 8
___ ___ ___ ___ ___
"အချစ် ဒီနေ့ဘာနေ့လဲသိလား"

Xzဖုန်းနှိပ်နေရင်းနဲ့ ybကဘေးနားကနေလာလာမေးသည်

"မသိဘူးလေ ဒီနေ့စနေ"

"မဟုတ်ဘူးလေ ကိုယ်တို့ဒီနေ့ထူးခြားတဲ့နေ့လေ"

"ဘာနေ့လဲ မသိဘူးလေ ငါဒီမှာစကားပြောနေတယ် စာတွေမှားသွားမယ်
မင်းအလုပ်သွားရမယ်မှတ်လား သွားပါ"

"အင်းအင်း"

Yb ထကာခုံပေါ်တင်ထားတဲ့ဆိုင်ကယ်သော့နဲ့ဦးထုပ်ကိုယူပြီးအလုပ်ကို
ထွက်လာလိုက်သည် အချစ်ကဘာလို့ဒီလိုနေ့လေးကိုမေ့ရတာလဲ သူတို့
ဒီနေ့ကမင်္ဂလာလက်မှတ်ထိုးတာ 1လပြည့်တဲ့နေ့လေ
__ ___ ___ ___
"အေး ဒီနေ့နေ့လယ်ငါတို့တွေ့မယ်လေကွာ နော်"

"ဖြစ်ပါ့မလား နင့်ယောက်ျားကလွှတ်မယ်တဲ့လား"

"ငါဘာသာငါလာမှာလေ သူ့ခြေထောက်ကိုငှားပြီးလာတာမှမဟုတ်တာ"

"အေးပါ အခုတွေ့မယ်လာခဲ့ချည်"

"အင်းအင်း"

Xzဖုန်းကိုချလိုက်ကာ အပေါ်ထပ်ကသူ့ခရီးဆောင်အိတ်ထဲက cardကို
ထုတ်လိုက်သည် ybကဒါကိုမသုံးနဲ့လို့ပြောပေမဲ့ သူသုံးမည် သူ့ပိုက်ဆံ
သူသုံးတာပဲဘယ်သူ့မှလာမတားနဲ့ ybကပေးပေမဲ့ သူဒါလေးတွေနဲ့မလောက် အိမ်ကိုသေချာသော့ခတ်ကာ အပြင်ထွက်လာ
လိုက်သည်  အဲ့မှာမာမီဟွားနဲ့တည့်တိုးတာပဲ

"သားဘယ်သွားမို့လဲ"

"မုန့်သွားဝယ်စားမို့"

"သရေစာတွေသိပ်မစားနဲ့နော်ကျန်းမာရေးအတွက်မကောင်းဘူး"

"စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်တယ် အခုသွားလိုက်ဦးမယ်နော်"

ဒီရပ်ကွက်မှာစကားပြောစရာလူမရှိလို့ ဟန်ဆောင်ပြီးခင်နေရတာ အမှန်
ဆိုမခင်ချင်ပေါင်
__ ___ ___ ___
"စဉ်းစားကြည့် ငါဘာပေးရမလဲ"

Ybသူ့အလုပ်ကသူတွေကိုစုစည်းကာမေးခွန်းတွေမေးနေသည် ဟိုက
ဟာတွေကလည်း ရည်းစားမရှိတဲ့ဟာတွေ

"ကျွန်တော်အကြံပေးရမယ်ဆိုရင်....ဟိုဟာလုပ်လိုက်ပါလား"

"တော်တော် အချစ်ကလက်ခံမှာမဟုတ်ဘူး"

One in a million Where stories live. Discover now