Part 25(U&Z)

6.6K 299 5
                                    

Unicode

Angencyနာမည်တက်လာတာနဲ့Companyကိုဆက်သွယ်လာတဲ့ပြည်တွင်းခရီးသွားForeginerတွေပိုမိုများပြားလာ၏။စက်Lattopထဲက Foreginer Listတွေနဲ့ ပို့ဆောင်ရမယ့်ခရီးစဥ်တွေစစ်ဆေးနေတုန်းမှာပဲ

ဗြန်း!

စားပွဲရှေ့ပစ်ချလာတဲ့ ဖိုင်တွဲကိုကြည့်ပြီး မျက်လွှာပင့်ကြည့်လိုက်တော့ ရဲသွေးကမေးဆက်ပြီး ဖိုင်ကိုလက်ညှိုးထိုးလိုက်၏။

"အဲ့ဒီမှာ ခရီးစဥ်တစ်ခုချင်းဆီအတွက်ကုန်ကျစရိတ်တွေ လုပ်ငန်းက
Incomeများလာတာနဲ့အမျှoutcome တွေလဲပိုများလာတယ်၊ရာသီအလိုက်ခရီးသွားတွေများလာတော့ဒီဖိုင်ထဲမှာခရီးစဥ်50စာလောက် တွက်ချက်ပြီး Budgetတွေပိုတိုးထားတယ်"

စက်ရဲ့ထူတန်းနေသောမျက်ခုံတန်းတို့စုကျုံ့သွားကာ Lattopကြည့်နေရာမှစီးကရက်ထုတ်လိုက်ပြီး မီးညှိကာမှန်ချပ်ကြီးများဘက်လှည့်လျက် တစ်ဖွာနှစ်ဖွာရှိုက်နေလိုက်၏။

ရဲသွေးခြေချိတ်ထိုင်ရင်းစက်ကိုကြည့်လျက်

"မင်းအဆင်ပြေရဲ့လားစက်ရာ၊ အခုတလောအိမ်လဲမပြန်ဖြစ်ဘူး၊ မင်းပုံစံက ပင်ပန်းနေသလိုပဲ"

"အဆင်မပြေဘူး၊ ဝါသနာမပါတဲ့အလုပ်ကိုလုပ်နေရလို့"

"မင်းဘာဝါသနာပါလဲ"

"ရှေးစာဆိုရဲ့မျက်နှာတစိမ့်စိမ့်ထိုင်ကြည့်ရတာ"

တစ်ခွန်းဆိုတစ်ခွန်းပက်ခနဲပြန်ပြောတဲ့စက်စကား ကြောင့်ရဲသွေး အံကြိတ်လိုက်ပြီး မျက်ဖြူစိုက်သွား၏။ ဒီကောင်တော်တော်ဖြစ်၊ သူငယ်ချင်းကအကောင်းမေးနေတာကိုရိသလိုရွဲ့သလိုနဲ့အဲ့သလောက်
လင် တစ်မျက်နှာတစ်ကမ္ဘာဖြစ်နေရင်တစ်နေကုန်သာသူ့ဘေးနေလိုက်ပါတော့လား။ ရှိတဲ့အမွေတွေထိုင်ဖြုန်းနေရင်တောင် မကုန်နိုင်တာကို လင်အထင်ကြီးခံရအောင် အလုပ်လုပ်နေသေးတယ်၊ဒီကောင်တကယ့်ကောင်။တွေးရင်းရဲသွေး မျက်နှာမဲ့သည်။

"မင်းကCEOပဲ နောက်ခရီးစဥ်တွေအတွက်တော့မင်းပဲတာဝန်ယူစီ
စဥ်ပေးလိုက်တော့ရဲသွေး"

"အေးပါ၊ကျန်တဲ့အပိုင်းတွေငါ့ဆီလွှဲထားလိုက်၊ဒါနဲ့ကလောခရီးစဥ်က မင်းတာဝန်ယူ ပို့ဆောင်ပေးရတာမလား၊အဆင်ပြေလား"

My Weird Husband [ Completed ]Where stories live. Discover now