" ပြီးပြီ ၊ နာတာလည်းမဟုတ်ပဲကြောက်နေလိုက်တာ "
ဆေးထိုးအပ်အဖုံးကိုပိတ်ပြီး၊အမှိုက်ပုံးသွားပစ်ထည့်ပြီးနောက်ဆေးတွေစစ်နေပြန်တယ်။ နေသက်နွေးကတော့ထူထူကြီးဖြစ်နေတဲ့ခံစားချက်ကြောင့်ငိုင်နေတော့တာ့ပဲ။
" အိမ်...အိမ်...ပြန်မယ် "
နေသက်နွေးကတစ်ခွန်းချင်းခေါင်းလေးစောင်းရင်းပြောတော့ကျော်ဇေယံထွဋ်ရဲ့လက်တွေကခဏတော့တန့်သွားတယ်။
" ညနေ သုံးနာရီလောက်ပြန်လာမှာ၊အမေနာရေးကပြန်ရောက်ရင်သွားကြတော့ပေါ့ "
နေသက်နွေးပျော်ရွှင်သွားရင်ဖြစ်သွားတက်တဲ့စွဲစွဲမြဲမြဲအမူယာလေးကတော့ လေး ချောင်းမြောက်ကသွားစွယ်လေးတွေပေါ်တဲ့အထိပြုံးတာပဲ။အဲ့လိုပြုံးလိုက်တိုင်းမျက်ဝန်းလေးတွေမှိတ်ကျသွားပြီး၊မျက်တောင်ရှည်တွေကအိခနဲပြိုဆင်းကျလာရော။
" အဝတ်အစားတွေ အများကြီးမထည့်သွားနဲ့၊ မင်းအိမ်မှာခဏပဲနေမှာမို့လား"
နေသက်နွေးကနာနာခံခံပဲခေါင်းငြိမ့်ပြတော့ကျော်ဇေယံထွဋ်ပြုံးသွားပြီးဆံပင်ကိုလှမ်းဖွတယ်။
........ .........
ညနေသုံးနာရီမထိုးခင်အဲ့လူကအိမ်ရှေ့ရောက်လာခဲ့တယ်။ နေသက်နွေးအထုတ်လေးပိုက်ပြီးစောင့်နေတာကိုမြင်တော့မျက်နှာကပျက်သွားတာကွက်ခနဲ။
" အကြာကြီးမနေရဘူးနော် "
နေသက်နွေးက 'အကြာကြီး ' ဆိုတဲ့ကိုသိပ်နားမလည်ပေမဲ့ခေါင်းပဲငြိမ့်ပြလိုက်တယ်။
ကားဂိတ်ကိုရောက်ဖို့ကနည်းနည်းဝေးတာကြောင့်၊အရင်ဆုံးဆိုင်ကယ်နဲ့ပဲသွားရတယ်။
သူတို့ကားလက်မှတ်က၊၃နာရီခွဲရထားပေမဲ့စောစောပိုင်းကတည်းကကြိုစောင့်နေကြတယ်။ ကားရောက်လာချိန်မှာတော့သုံးနာရီခွဲပြီးနေခဲ့ပြီ။
" ခရီးသည်များ၊မိမိရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုသေချာသိမ်းဆည်းထားပါ၊ပစ္စည်းအပျောက်အရှကိုကျွန်တော်တို့တာဝန်ယူမှာမဟုတ်ပါဘူး "
အခန်း (၇)
Start from the beginning