“ကြိုက်လား..?”

ရင်းဆုယဲ့က သူ့ရင်ခွင်ထဲက လူသားလေးကို မျက်နှာတစ်ပြင်လုံး နီရဲသွားတဲ့အထိ နမ်းရှိုက်ပြီးနောက် သဘောထားကြီးဟန်နဲ့ လွှတ်ပေးလိုက်တယ်။

“မကြိုက်…. တာတော့ မဟုတ်ပါဘူး..!”

ရွှယ်ယို့ရှန်းက ပင့်သက်ရှိုက်လိုက်ပြီး ရင်းဆုယဲ့ရဲ့ အပြုအမူကို မကျေနပ်ကြောင်းပြောရန် ခေါင်းမော့ကြည့်လိုက်တယ်။ ဒါပေမဲ့ ပြင်းထန်လွန်းတဲ့ ပိုင်ဆိုင်လိုစိတ်တွေ ပြည့်လျှံနေတဲ့ ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံကို တွေ့လိုက်ရချိန်မှာတော့ ရွှယ်ယို့ရှန်းခမျာ ခြိမ်းခြောက်မှုတစ်ခု ခံစားလိုက်ရတယ်။

ထို့ကြောင့် မသိစိတ်အရ ‘မကြိုက်ဘူး’ (不喜欢 / bu xǐ huan)  ဆိုတဲ့စကားလုံးကို ‘မကြိုက်တာ မဟုတ်ဘူး’ (不讨厌 / bu tǎo yàn) ဆိုတဲ့စကားလုံးအဖြစ် ပြောင်းလဲလိုက်မိတယ်။ ဒါပေမဲ့လည်း လိမ်ပြောလိုက်တာ မဟုတ်ပါဘူး။ ရင်းဆုယဲ့ရဲ့အနမ်းကို မနှစ်မြို့တဲ့ခံစားချက်မျိုး သူ့မှာ လုံးဝမရှိဘူး။

မဟုတ်ရင် ရင်းဆုယဲ့ရဲ့ ပြင်းပြင်းထန်ထန် နမ်းရှိုက်ခံလိုက်ရပြီးနောက်မှာ ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်ပါ့မလဲ။ ဒါပေမဲ့ အနမ်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ရှိအချိန်မှာ စဉ်းစားလို့မရသေးဘူး။

တစ်ခါမှ မချိန်းတွေ့ဖူးတဲ့၊ ဒါမှမဟုတ် တစ်ခါမှ အပြင်လူတစ်ယောက်နဲ့ ကိုယ်လက်နှီးနှောခြင်း မရှိခဲ့ဖူးတဲ့ အိမ်တွင်းပုန်းလေး တစ်ယောက်က ‘သဘောကျတယ်’ (喜欢 / xǐ huan) ဆိုတဲ့အရာကို နားလည်လိမ့်မယ်လို့ မမျှော်လင့်ထားသင့်ဘူး။ အရမ်းအထင်ကြီးလွန်းနေပြီ။

သိသာစွာပဲ ရွှယ်ယို့ရှန်းက ဒီလိုကိစ္စမျိုးမှာ သိပ်မကျွမ်းကျင်ကြောင်း သူကိုယ်သူ သိနေခဲ့တယ်။

ဒါပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မချနိုင်တဲ့သဘောမျိုးတော့ မဟုတ်ဘူး။ ကိုးကားစရာ အတွေ့အကြုံမရှိပေမယ့် များပြားလှတဲ့ ဗဟုသုတတွေ ရှိနေပြီးသား။

ထို့ကြောင့် ဖတ်ခဲ့ဖူးသမျှ ‘အချစ်မှာ ကျရှုံးခြင်း’ လိုမျိုး ဝတ္ထုဇာတ်ကြောင်းတွေကို ကြိုးစားပမ်းစား စဉ်းစားကြည့်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now