"မှတ်ချက်တွေကတော့ ကောင်းတဲ့မှတ်ချက်တွေပါဆရာရယ်လူတွေက..."

"တော်တော့!ဒီကောင့်အကြောင်းဆက်မပြောစမ်းနဲ့"

ဟုတ်!

ဦးကိုကိုဒေါသသံကြီးပါလာတော့ ဧကရီ ခေါင်းလေးငြိမ့်လိုက်ပြီး ဆရာဝန်နားနေခန်းထဲမှ အမြန်လစ်ထွက်လာခဲ့တော့သည်။ ထို့နောက် ဆေးရုံဝင်ပေါက်နားရောက်တာနဲ့ ကလေးတစ်ယောက်ရောက်ချလာပြီး ဆေးရုံအဝမှာလဲကျသွားတော့အကုန်လုံးကလန့်ဖြန့်သွားပြီး ထိုကလေးကိုအပြေးပွေ့ချီကာEmergency roomထဲခေါ်သွား၏၊ပြီးမှ တာဝန်ကျဆရာဝန်တစ်ယောက်ကစမ်းသပ်စစ်ဆေးပြီးတာနဲ့ ဆေးပစ္စည်းတွေယူလာတဲ့ဧကရီကိုလှည့်ကြည့်ရင်း

"အူအတက်ပေါက်သွားတယ်၊ခွဲစိတ်ရမှာမလို့ ဆရာကြီးကိုခေါ်လာခဲ့ပေးပါ၊အရေးပေါ်ခွဲခန်းထဲအမြန်ဝင်ရပါမယ်"

"ဟုတ်ကဲ့ပါdoctor"

ယူလာတဲ့ဆေးပစ္စည်းတွေကိုနေရာမှာ ချထားလိုက်ပြီး ဦးကိုကိုအခန်းထဲ အရေးကြီးသုတ်ပြာဝင်လာတော့ နာတာရှည်ရောဂါသည်လူနာဆေးမှတ်တမ်းတွေစစ်ဆေးနေရာမှ မော့ကြည့်၍

"ဘာဖြစ်လို့လဲဧကရီ"

"ကလေးတစ်ယောက်အူအတက်ပေါက်သွားလို့အခုချက်ချင်းခွဲခန်းဝင်ရမယ်တဲ့ဆရာ"

"သြော်အေးအေး၊ နင်ရောဝင်မှာလား၊"

"ရှင်!ဟို!စီနိယာအမတစ်ယောက်ကဝင်မှာတဲ့ဆရာ"

ဧကရီပြောပြီးပြန်ထွက်သွားတာနဲ့ စာအုပ်ပိတ်ကာ Surgical Gownတစ်စုံထုတ်ဝတ်လိုက်ပြီးHospital Clogsတစ်ရံထုတ်စီးကာခွဲခန်းဝင်ဖို့ပြင်ဆင်နေတော့သည်။

ဦးကိုကိုခွဲခန်းထဲဝင်သွားတာနဲ့ ဧကရီတခြားဒဏ်ရာရလူနာများ
ကို ဆေးစည်းပေးပြီး ဆေးထိုးဆေးတိုက်ပြုလုပ်ပေးနေတာဖြစ်၏၊
ထို့နောက်ဆေးရုံဝေယျာဝစ္စတွေလုပ်ရင်း ၃နာရီလောက်ကြာပြီးမှ သားဖွားဆောင်သွားဖို့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေသယ်ပြီး ကလေးအထူးကုဆောင်ထဲက ထွက်လာတာနဲ့လက်လှမ်းဆွဲလိုက်တော့လန့်ပြီးနောက်လှည့်ကြည့်လိုက်လျှင်

လင်း!

လက်ကောက်ဝတ်ကိုဆွဲထားရင်း ဧကရီကိုင်ထားတဲ့ ဆေးပစ္စည်းတွေ
ကြည့်၍လက်ထဲကပစ္စည်းတွေကိုဆွဲယူလိုက်ကာကြည့်လိုက်တော့ ၊ဧကရီပုံစံကြည့်ရတာအလုပ်ရှုပ်နေသလားတော့မသိ။ လင်းလဲ အနား
ယူတဲ့ရက်ဖြစ်နေတော့ ဧကရီ့ကိုတွေ့ချင်လို့သာဆေးရုံလိုက်လာခဲ့တာဖြစ်တာကြောင့်။

My Weird Husband [ Completed ]Where stories live. Discover now