part(32)

31.7K 2.3K 80
                                    

'' တောင်းပန်ပါတယ်ဖြူရယ်...''

'' မဟုတ်တာ နွယ်ရဲ့ ဖြူနားလည်ပါတယ်...မိဘဆိုတာဒီလိုပါပဲ...''

'' နွယ် တကယ် အားနားတာပါ ဖြူရယ်...။ နွယ့်အပေါ်မှာ ဖြူ့ရဲ့ ကျေးဇူးတွေအများကြီးရှိခဲ့တာ....''

''ကိုယ်တို့တတွေက သူငယ်ချင်းတွေပဲ ။ဒါတွေပြောစရာမလိုပါဘူး နွယ်ရယ်...''

'' ဒါဖြင့် ကိုဆက်လေးက နွယ် ငယ်ငယ်က ချီခဲ့တဲ့ ဖြူလုံး လေးပေါ့...။''

'' ဟုတ်ပ ... ဖြူလုံးလေး ပေါ့ ။ခုတော့ သူ့ကို အဲ့ဒီနာမည်ခေါ်လို့မရတော့ဘူးလေ ကောက်ပါလေရော...''

'' အဲ့ဒါကြောင့် နွယ် ဒေါက်တာ့ကို ကြည့်တုန်းက ရင်းနှီးသလို ခံစားခဲ့ရတာ။ လက်စသက်တော့ ဖြူလုံးလေးကို မျက်ဝန်းဝိုင်းလေးတွေက အရင်အတိုင်းပဲကို...။''

'' ဟုတ်ပ ငယ်ရုပ်ကပျောက်သေးတာမဟုတ်ဘူး ''

ခြံထဲက ခရေပင်အောက်လေးမှာ နွယ် နဲ့ ဖြူ တို့ကတော့ တစ်ယောက်လက် တစ်ယောက်စုတ်ကိုင်ကာ အလွမ်းသယ်နေကြလေသည်။

'' နွယ် အရမ်းခံစား ခဲ့ရမှာပဲ...''

ဖြူ နွယ့်လက်ကလေးကို အသာဆုတ်ကိုင်ပြီးပြောလိုက်တော့ နွယ်ကရေးရေးလေးပြုံးလိုက်သည်။ နွယ့် အပြုံးက အရင်ကအတိုင်း ကိုအေးချမ်းလှပါသည်။

'' နွယ် ခံစားခဲ့ရတာထက် သားက အစပေါင်းများစွာ ခံစားခဲ့ရတာ...''

'' နွယ့် ရဲ့ အကိုကို ဖြူ ဟိုတစ်လောကမှမြင်ဖူးပေမဲ့...ဖြူထင်တာတော့ အတ္တကြီးတယ်...။တကယ်ဆို သူနွယ့်ကို အစထဲက ရွေးချယ်ခဲ့ရမှာမလား ဖြူ့သူငယ်ချင်းလေး ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ ..''

ဖြူ အရင်ကအကြောင်းတွေ ပြန်တွေးနွယ့် ဘက်က မခံမရပ်နိုင်ဖြစ်ပြီး ပွစိ ပွစိပြောမိလေသည်။ ဖြူ နဲ့ နွယ်က သူငယ်ချင်းတွေဆိုပေမဲ့ အရင်ကတည်းက နွယ့်ရဲ့ အကိုဆိုသောလူကို မသိခဲ့တာတော့အမှန်ပါ... ။နွယ်ကိုယ်လေးလက်ဝန်ကြီးနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့အချိန် ဖြူက သူငယ်ချင်း စိတ်ဓာတ်နဲ့ အပြည့်အဝစောင့်ရှောက်ထားခဲ့ပေမဲ့...နွယ်ရဲ့ အကိုနဲ့ပတ်သတ်ပြီးလည်း ဖြူမေးလိုက်ရင် နွယ်စိတ်မကောင်းဖြစ်မှာဆိုး၍ ဖြူဖာသိဖာသာ သာနေပေးခဲ့လေသည်။ နွယ် ငယ်ငယ်ထဲက ဆင်းရဲပေမဲ့ သိပ်ကိုမာနကြီးပါသည်။... ဘယ်တော့မှ သူ့ရဲ့အခက်အခဲကို ဖြူ့ကို ထုတ်မပြောပြတတ်သူ... ။ဖြူ ကူညီမယ် ဆိုရင်တောင် အတင်း ငြင်းတဲ့သူ... ။နွယ် ကိုယ်ဝန်ကြီးနဲ့ ဖြူတို့ မြို့ကို ရောက်လာတော့လည်း တစ်ချက်မှ ဖြူ့ကိုမဆက်သွယ်ခဲသည်မဟုတ်။အမှတ်တမဲ့တွေ့ရင်းနဲ့ ဖြူက အတင်း သူနဲ့ လာနေဖို့ ပြောတာတောင်အစက အတင်းငြင်းခဲ့တာလေ...။ ဖြူ စိတ်ဆိုးတော့မှ သာမာနလေးလျော့ပြီး ဖြူနဲ့လာနေပေးရှာပေမဲ့ အမြဲ သားကို ကူထိန်းပေးတတ်သေးတာ.. ....။နောက်ပိုင်း နွယ် သားလေးမွေးပြီးထဲက ဖြူတို့ဆီက ထွက်သွားခဲ့တာ .... ခုချိန်ကျမှ မထင်မှတ်ဘဲ ပြန်စုံကြပေမဲ့ ရင်ထဲက သံယောဇဥ် တွေကတော့ အရင်အတိုင်းသာ မပြောင်းလဲ ရှိနေကြလေသည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now