part(29)

27.4K 2.2K 50
                                    

'' အကို... အကို ဘာပြောလိုက်တာလဲ... ။ဘာပြောလိုက်တာလဲလို့နွယ်မေးနေတယ်လေ''

နွယ် မျက်ရည်တွေနဲ့သာ အကို့ မျက်နှာအားတည့်တည့်ကြီးပြီး အကို့ ကိုအတင်းဆွဲကာမေးနေမိလေသည်။

'' .... ''

'' ဒါက ဘာတွေ ဖြစ်နေကြတာလဲ ''

နွယ့်၏ အမေးကို ဦးမြဇ္ဇူ ပြန်မဖြေနိုင်ခင်မှာပင် အိမ်ပေါက်ဝဆီမှ ထွက်လာသည့် ဒေါ်မြဇ္ဇူထိပ်ထား ၏ အသံကြောင့် အကြည့်တွေအကုန်သဟ် အိမ်ပေါက်ဝဆီသို့သာ.....စိုက်ရောက်ကုန်ကြ၏။

'' ငါမေးနေတယ်လေ ဘာဖြစ်နေကြတာလဲ ။ငါ့မြေး မျက်နှာကရော ဘာဖြစ်တာလဲ...''

ဒေါ်မြဇ္ဇူထိပ်ထား သည် အခြေအနေတွေကို သေချာစဥ်းစားပြီးမှ သားဖြစ်သူထံ လှည့်ကြည့်မိတော့ ခေါင်းညိတ်ပြတဲ့သားဖြစ်သူကြောင့် မျက်နှာပျက်သွားလေသည်။

'' မေမေ ရော ...မေမေရော သိနေတာလား ''

နွယ် မေးလိုက်တော့ နွယ့်အကြည့်ကို ရှောင်သွားသည့် မေမေကြောင့် နွယ် အံ့သြပြီးသာခေါင်းလေးတစ်ခါခါ ဖြစ်နေလေသည်။

'' ဘာတွေလဲ။ နွယ် နားမလည်တော့ဘူး ။နွယ် ဘာကိုယုံရမှာလဲ ...''

နွယ့် အမေးကို အကိုကပါ တစ်ချက်ပြန်မဖြေပါဘဲ ခေါင်းသာငုံ့သွားလေသည်။ အချိန် ခဏလေးအတွင်း ဖြစ်ပျက်သွားသည့် အရာတွေကြောင့် မောင်တစ်ယောက်တော့ တိတ်ဆိတ်သွားလို့သာ နေလေတော့သည်။

'' ကိုယ်... ကိုယ်တောင်းပန်ပါတယ်။ နွယ်...ကိုယ် မရည်ရွယ်....''

'' ဟင့်အင်းမတောင်းပန်နဲ့ ။နွယ် ခွင့်မလွှတ်ဘူး။ နွယ်ခွင့်မလွှတ်ဘူး နော် နွယ့်ကိုသေချာရှင်းပြပါ...''

နွယ် ခေါင်းလေးတစ်ခါခါနဲ့သာ ဆောက်တည်ရာမရဖြစ်နေလေသည်။ နွယ်ဘာကိုယုံရမလဲ..... ။နွယ့်သားလေးကို မျက်နှာလေးတောင်တစ်ချက်တောင်မမြင်လိုက်ရပါပဲ...အသက်မရှိတော့ပါဘူး ဆိုပြီး ပြောခဲ့တာလဲ သူတို့ပဲ ။ခုချက်ချင်း သားမောင်ကို နွယ့်ရဲ့သားလေးလို့ပြောနေတာလဲ သူတို့ပဲ....။ဘာတဲ့ တောင်းပန်ပါတဲ့လား။ ဟင့်အင်း အကို မတောင်းပန်နဲ့ ။နွယ် ခွင့်လွတ်ဖို့အစီအစဥ်မရှိဘူး ။အမေ နဲ့ သား ကို ဒီအခြေအနေထိရောက်အောင် လုပ်ပြီးမှ တောင်းပန်ပါတဲ့လား....။
ဟင့်အင်းမရဘူးနော်အကို...။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now