'' ဘာပြောလိုက်တယ် မြဇ္ဇူ ''

'' သားယောမူ နဲ့ ကွာရှင်းချင်တယ်မေမေ ''

'' မြဇ္ဇူ !''

'' သား မေမေ့ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းခဲ့ပြီးပြီ။ သား ယောမူကို မချစ်ဘူး မေမေ ''

'' ယောမူ ကမင်းကို ချစ်နေတာလေ ။ပြီးတော့ယောမူလေးမှာက နှလုံးရောဂါနဲ့....''

'' မေမေ သားတို့ဒီလိုဆက်သွားရင် ကိုယ်စီစိတ်ဒဏ်ရာတွေနဲ့ ပဲ ဖြစ်သွားကြမှာ.... ။ပြီးတော့ သား... နွယ်..''

'' လာပြန်ပြီလား။ ဒီနွယ်ဆိုတဲ့ နာမည်မပါရင်မင်းစကား မပြောတတ်တော့ဘူးလား....''

'' မပြောတတ်တော့ဘူး မေမေ ။သား မေမေ့ဆန္ဒကို လိုက်လျောပြီး နွယ့်မှာ သားနဲ့ ရတဲ့ ကိုယ်ဝန်ပါသွားတာတောင် သား ....သားက မေမေ့ကို ရွေးချယ်ခဲ့တာ....။''

'' ဘာရယ်... ဘာ ..ဘာပြောလိုက်တယ် ''

'' ဟုတ်တယ် နွယ့်မှာ ကိုယ်ဝန်ကြီးနဲ့မေမေ ''

ဒီစကား တွေကို ကြားသွားခဲ့တာတော့ ယောမူ ကိုယ်တိုင်ပါ.... ။ယောမူက မြဇ္ဇူ ကို ချစ်တဲ့ စိတ်နဲ့ ကွာရှင်း မပေးနိုင်သည့်အပြင် သူ့အသက်အန္တရာယ် ရှိရင်တောင် ကလေးယူဖို့ ရွေးချယ်လာခဲ့တယ်.... ။ဒီကိစ္စတွေကို မေမေ သိသွားတော့ မေမေက နွယ့်ကို လိုက်ရှာခဲ့သည်။ နွယ် နဲ့ ကလေးကိုလည်း မေမေ ကိုယ်တိုင်ထောက်ပံ့ပြီး စောင့်ရှောက်ပေးခဲ့သည်။ ဒါတွေကို အစက မြဇ္ဇူမသိခဲ့ပေ။

အိမ်ကို မေမေ နဲ့အတူ မွေးကင်းစကလေး လေး ပါလာတော့ မေမေက မြဇ္ဇူ ကိုရော ယောမူကိုပါ... မွေးစားဖို့ ခေါ်လာဆိုပြီး ပြောလာခဲ့သည်။ ကလေး အရမ်းလိုချင်နေတသည့်ယောမူက သားကို တွေ့တာနဲ့ မွေးစားဖို့ကို သဘောတူလိုက်သည်။ မြဇ္ဇူ လည်း နောက်မှ ဒီကလေးလေးက နွယ့် ကိုယ်တိုင်မွေးထားတဲ့ကလေးလေးမှန်း သိခဲ့တာဖြစ်သည်။မြဇ္ဇူ သိသိချင်း နွယ့်ကို လိုက်ရှာခဲ့ပေမဲ့ နွယ်သည် နယ်ဘက်က သူ့သူငယ်ချင်း ဆီ ထွက်သွားခဲ့သည်။ မြဇ္ဇူ နေရာအနှံ လိုက်ရှာပေမယ့် နွယ့်သတင်းက အစအန ကိုပင် မရခဲ့ပေ.....။

ယောမူ ဆုံးပြီး တစ်နှစ်ကြာမှ နွယ့်ကို မြဇ္ဇူ ပြန်တွေ့ခဲ့လေသည်။ ဒီတစ်ကြိမ်တော့ မေမေ ခွင့်ပြုလိုက်တာကြောင့် နွယ့်နဲ့လက်ထပ်ခဲ့ကြသည်။ နွယ် နဲ့ပြန်တွေ့တွေ့ချင်း နွယ်ပြောခဲ့သည့်စကား သားလေးက ဆုံးသွားပြီတဲ့လေ.... ။ မြဇ္ဇူလည်း နွယ်နဲ့ သားကို အဖြစ်မှန်တွေ အကုန်ပြောပြချင်ပေမဲ့...နေသားကျနေပြီဖြစ်တဲ့ ဘဝလေးတွေနဲ့ ယောမူကို အရမ်း ချစ်တဲ့ သားကြောင့် သားစိတ်ထိခိုက်မှာ ဆိုးတာမို့ မပြောခဲ့ပေ...။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now