'' နွယ်ရယ် ကိုယ်တောင်းပန်ပါတယ်...ကိုယ်ရှင်းပြပါ့မယ်....''

>>>>>>
<<<<<<

လွန်ခဲ့သော နှစ် ၂၀ကျော်ခန့်က....။
.
.
.
.

'' မင်းကို မေမေ ပြောပြီးသားနော် သား ။အဲ့ဒီနွယ်ဆိုတဲ့ ကောင်မလေးနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...''

'' မရဘူး မေမေ သား နွယ့်ကိုပဲ ရွေးချယ်မှာ ''

'' မင်းဒယ်ဒီ မရှိတော့ကတည်းက ဘာအားကိုးရာမှမရှာဘဲ မင်းကို ဒီအခြေအနေထိရောက်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ ဒီအမေကရော။ ပြောလေ မြဇ္ဇူ။ ဒီအမေ ရဲ့ဆန္ဒကိုရော မင်းမဖြည့်ဆည်းတော့ဘူးလား....''

'' မေမေ...''

'' ယောမူ လေးကို လက်ထပ်လိုက်ပါသားရယ်... ။မင်းဖေဖေမရှိတော့ကတည်းက တဖြည်းဖြည်း မလည်ပတ်နိုင်တော့တဲ့ မေမေတို့ မျိုးရိုးစဥ်ဆက် လုပ်ကိုင်လာတဲ့ မြဇ္ဇူသက္က ကို သားကယ်မှပဲရတော့မှာ...။ယောမူလေးက သားကိုမေတ္တာရှိနေရှာပါတယ်ကွယ်.... ။မေမေ တောင်းဆိုပါတယ်သားရယ်....''

'' မေမေ... နွယ့်မှာ...နွယ့်မှာက...''

'' အဲ့မိန်းကလေးနာမည်မေမေ မကြားချင်တော့ဘူး သား...''

မြဇ္ဇူ ပြောစရာ စကားတို့ သာပျောက်ရှသွားလေတော့သည်။ သူ ဘာလုပ်သင့်လဲ...။ တစ်ဖက် က ကိုယ့်ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ရတဲ့သူ...၊တစ်ဖက်က ဖေဖေမရှိတော့ကတည်းက မိမိအပေါ် အဖေလိုရော၊ အမေလိုပါ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ မွေးမိခင်နဲ့ ၊ဘိုးဘွားစဥ်ဆက် လုပ်ကိုင်ခဲ့တဲ့ မြဇ္ဇူသက္က ... ။မြဇ္ဇူ သက်ပြင်း တွေချရင်းသာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရလေသည်။

အင်း မြဇ္ဇူရွေးချယ်ခဲ့တာ ဂုဏ်တွေ၊ ပကာသနတွေနဲ့ အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုပေါ့....။ နွယ့် ကို လက်ထပ်ပါ့မယ်ဆိုတဲ့ကတိကိုတော့ မြဇ္ဇူ မတည်ခဲ့ပါဘူး...။ဒီအစား မြဇ္ဇူ ပြောခဲ့တာက

'' အကို့ ကိုနားလည်ပေးပါ နွယ် '' တဲ့။
နွယ့် အပေါ်မှာရော၊ ကိုယ့်ရင်သွေးလေးပေါ်မှာရော မြဇ္ဇူ ဘယ်လောက်မတရားခဲ့သလဲ.....။

အချိန်တွေကြာလာခဲ့သမျှ မြဇ္ဇူ နဲ့ ယောမူတို့ရဲ့ အိမ်ထောင်ရေးက အေးစက်လာခဲ့ပါသည်။ ယောမူရဲ့ မွေးရာပါ နှလုံး ရောဂါကြောင့် ကလေးမွေးဖို့ အခက်အခဲ ရှိသူမို့
မြဇ္ဇူတို့ အိမ်ထောင်ရေးက တစ်နှစ်ပြည့်တော့မည့်အချိန်ထိ အေးစက်နေခဲ့သည်။
အင်း မြဇ္ဇူတို့ ဘဝထဲကို သားလေး ဝင်ရောက်ခဲ့ပုံကတော့.....

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now