မောင် ၏ရင်ခွင်ထဲတွင်သက်ပြင်းတွေခဏခဏချနေသည့်ဒေါက်တာလေးကြောင့် ပုခုံးလေးကလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်လေသည်။

'' ပြောပါ မောင် နားထောင်ပါ့မယ်...''

'' ဘာမှမဟုတ်ပါဘူး...။ချစ်တယ်...''

'' အင်း။မောင်ကလည်းချစ်တယ်။ဒေါက်တာ သိလား...''

'' ဘာကိုလဲ မောင်ရဲ့ ...''

'' မျက်လုံးကို ညာလို့မရဘူးတဲ့ ...''

'' ကိုယ်ကဘာညာ လို့လဲမောင်ရဲ့....''

'' ဒေါက်တာ့ ရင်ထဲမှာ ဖြစ်နေသမျှကို မျက်လုံးကအကုန်ပြောပြနေတာ...''

'' ဟုတ်လားဟင် မောင် ''

'' ဟုတ်တာပေါ့..ပြောပါမောင့်ကို ။ဘာတွေစိတ်ရှုပ်နေလို့သက်ပြင်းတွေခဏ ခဏ ချနေရတာလဲ...''

'' မောင်...ကိုယ်ကြောက်နေတာ...''

'' ဟင်...''

'' ကိုယ်လေ မောင့်ကို ချစ်ပေမဲ့..မေကြီးတို့သိသွားမှာလည်းကြောက်တယ်... ။မေကြီးနဲ့ဖေကြီးက ကိုယ့်ကိုအရမ်းယုံကြည်ထားတာ မောင်ရဲ့ ။ကိုယ့်တို့အကြောင်းကိုသိသွားရင် ဘယ်လိုလုပ်မလဲဟင် မောင် ...''

'' ဘာလို့ အကုန်လိုက်ပြီးတွေးပူနေရတာလဲ ဒေါက်တာလေးရယ် ...''

''တွေးပူရတာပေါ့..မောင့်ရဲ့။ ငါတို့က လောကကြီးရဲ့နိယာမကို လွန်ဆန်နေတာလေ ...''

'' ကဲပြောပါအုံး လောကကြီးရဲ့နိယာမကဘာလဲ...''

''ဟာ မောင်ကလဲ... သိရဲ့သားနဲ့ ငါတို့က သဘာဝတရားကြီးကိုလွန်ဆန်နေတာလေကွာ ''

''သဘာဝတရားကြီးက...ယောကျ်ားလေးချင်းမကြိုက်ရဘူးလို့များ အမိန့်ထုတ်ထားလို့လားခင်ဗျားရယ်...''

'' ဒါပေမဲ့ ငါကြောက်တယ်မောင်...''

'' အဲ့ဒါတွေလျှောက်တွေးမနေပါနဲ့ဒေါက်တာလေးရယ်။ အချစ်က အချစ်ပဲ။ ယောကျ်ားလေးနဲ့ မိန်းကလေး ချစ်တာလည်း အချစ်ဖြစ်သလို၊ယောကျ်ားလေးအချင်းချင်း၊မိန်းကလေးအချင်းချင်း ချစ်တာကလည်း အချစ်ပါပဲ မောင့်ရဲ့ဒေါက်တာလေးရယ်...။အဓိက က ချစ်နေဖို့ပဲ။မောင်က ဒေါက်တာ့ကို ဒေါက်တာဖြစ်နေလို့ကို ချစ်သလို၊ဒေါက်တာကလည်းမောင့် ကို မောင့်ဖြစ်နေလို့ကိုချစ်တာပဲမလား...အဓိက ကချစ်နေဖို့ပါပဲကွာ...အကုန်လိုက်ပြီး စိုးရိမ် တွေးပူနေရင် ဒေါက်တာပဲ ပင်ပန်းမှာပေါ့...။
မောင် စာအုပ်လေးတစ်အုပ်ဖူးတယ်သိလား..

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now