BTLFAM (13) Zawgyi

Start from the beginning
                                    

ရှင်သန်ရာတစ်ယောက် ရောက်လာချိန်မှာ နောက်ရှင်သန်ရာတစ်ယောက်က ခွဲခွာသွားကြတာ ဓမ္မတာပဲလား..။ ဒါသည် ရန်သူကို ပေါ့ဆစွာ ဆက်ဆံမိခဲ့လို့ ပြစ်ဒဏ်ပေးတာလား..။

Bellaသိပေမယ့် မြိုသိပ်လာသည့်အရာသည် ပိုးလုံးလေးသည် Fox၏ ချစ်ခြင်းမခံရ‌ဘဲ နိုင်ငံခြား၌ထားထားသော ဒုတိယမြောက်သမီးဖြစ်လေသည်။ အကြံအစည်ဖြင့် ရောက်လာသော ဧည့်သည်ကို အိမ်သူအဖြစ် တင်မြှောက်လိုက်တာသည် မိုက်မဲသော လုပ်ရက်တစ်ခုပင်..။

" မမကြီး..တူတူလေးက ချစ်စရာလေး သိလား "

အမြွှာနှစ်ယောက်ရှိ အငယ်ကောင်လေးသည် Bellaထိုင်နေသော နေရာအထိလာကာ ပြောလေသည်။

" အင်း ဟုတ်လား.."

ငယ်လေး၏ ခေါင်းကို အသာပွတ်ပေးပြီး အခန်းထဲက ထွက်လာသည့် နောက်တစ်ယောက်ကိုကြည့်လိုက်သည်။ Bella၏မျက်ဝန်း၌ အပြစ်မကင်းသည့်စိတ်များ ထင်ဟက်နေလေသည်။

" ငယ်လေး မမ အန်ကယ်နဲ့စကားပြောလိုက်အုံးမယ် "

" ဟုတ်..သားလည်း မမဆီသွားပြောရအုံးမယ် "

ငယ်လေးပြေးသွားသည်ကို မျက်စိတစ်စုံးလိုက်ကြည့်ပြီးနောက် မျက်လွှာပြန်ချထားလေသည်။

" အန်ကယ် Bellaတောင်းပန်ပါတယ် "

ခေါင်းငုံ့ထားသော ဆက်ခံသူကြောင့် အခြေအနေကို သဘောပေါက်သွားတော့သည်။

' ဒီအဖိုးကြီး ငါ့ကိုထားသွားပြီပေါ့ 'လေ။

Bella၏ရှေ့တွင် အပူရုပ်ကိုဟန်လုပ်ကာ နေမြဲအတိုင်းနေလိုက်သည်။

" သခင်မလေး Maxiyoရဲ့ခေါင်းဆောင်တစ်ယောက်က အခုလိုအားမနည်းဘူး..သူ့အပြစ်မဟုတ်တဲ့ဟာ..သူမလုပ်ထားတဲ့ကိစ္စကို မတောင်းပန်တက်ဘူး..ခေါင်းမော့ထားပါ သခင်မလေး..သခင်ကြီးလည်း ဒီလိုပဲဖြစ်စေချင်ခဲ့တာ..."

အသံတိုးသွားပြီး ဆရာဝန်ကြီးလည်း Bellaနှင့်နည်းတူ မျက်ရည်ကျရပါတော့သည်။

*ဒိုင်း..ဒိုင်း*
ကြားလိုက်ရသည့် သေနတ်သံနှစ်ဆင့်ကြောင့် Bellaသတိကပ်ကာ ခါးရှိသေနတ်ကိုကိုင်လိုက်သည်။

" ဒါ ငယ်လေးတို့အခန်းဘက်ကပဲ "

Bellaပြေးသည်။ ယခုသူမသည် အရူးမီးဝိုင်းသကဲ့သို့ ခံစားနေရသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းသည့် ကြားက..

Behind the lust for a man(Complete)Where stories live. Discover now