*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်

Start from the beginning
                                    

ယင်ကျင်းရဲ့က မျက်ခုံးတွေ ပင့်လိုက်ကာ
"မင်း ဘယ်တော့မှ ကိုယ့်ကို လိုက်မမှီနိုင်မှာ စိုးရိမ်မိတယ်"

"မစိုးရိမ်ပါနဲ့.. ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ.. ကျွန်တော့်ကို နှစ်ရာဂဏန်းလောက်သာ စိတ်ရှည်ရှည်နဲ့ စောင့်နေပေး"

"......"
နောက်ထပ် နှစ်ရာဂဏန်းလောက်ကြာသွားပြီးရင် သူက မသေမျိုးနတ်ဘုရားတစ်ပါးတောင် ဖြစ်ပြီးနေလောက်ပြီလို့ ယင်ကျင်းရဲ့မှာ တွေးလိုက်မိတာကြောင့် စာရွက်ကို အိတ်ထဲကိုသာ ပြန်ထည့်လိုက်သည်။
"ကိုယ်အခု သုံးနေတဲ့ မှော်လက်နက်က အဆင့်၉ နတ်ဘုရားအဆင့်လေ.. အခု ယာယီသုံးလို့ရအောင် မင်း ပုချီကို မွမ်းမံခြင်းအင်းကွက်တွေ လုပ်ခိုင်းလိုက်လို့ရတာဘဲ"

သူ မိုးကြိုးစမ်းသပ်မှုကို ကျရှုံးသွားပြီးကတည်းက ပြန်လည်အားဖြည့်ဖို့ကုစားနေခဲ့ရတာကြောင့် လက်နက်ကို လဲမယ့်အကြောင်းကို စဥ်းစားဖို့အချိန်မရှိခဲ့ပေ။ ဒါပေမဲ့ ဒီတစ်လောမှာတော့ ဒါကို အနည်းငယ်ပြုပြင်ဖို့အတွက် သူ ပါဝင်ပစ္စည်းတွေ လိုက်ရှာနေ၏။ ဒါပေမဲ့ သူက လေလွင့်မသေမျိူးတစ်ယောက်ဖြစ်နေတာကြောင့် သင့်တော်တဲ့ ပါဝင်ပစ္စည်းတွေ ရှာတွေ့ဖို့ဆိုတာက အဲ့လောက်မလွယ်ကူပေ။ ဒါ့အပြင် လက်နက်ကို ပြုပြင်ဖို့အတွက်လူတစ်ယောက်ရှာတာကလည်း ပြဿနာတစ်ခုဖြစ်နေသေးလေသည်။

ရုန်ယိက သက်ပြင်းနက်နက်ချလိုက်ကာ
"ကျွန်တော်လည်း အခုသုံးလို့ရအောင် သူ့ကို တစ်ချို့တစ်လေလောက် လုပ်ခိုင်းချင်ပါတယ်.. ဒါပေမဲ့ သူက လမ်းမှန်ကျင့်ကြံသူလေ.. ဒါကြောင့် တစ္ဆေကျင့်ကြံသူတစ်ယောက်အတွက် မွမ်းမံခြင်းအင်းကွက်တွေကို သူမလုပ်နိုင်ဘူး"

ယင်ကျင်းရဲ့မှာ နားမလည်နိုင်ဖြစ်သွားရသည်။
"မင်းလည်း လမ်းမှန်ကျင့်ကြံသူဘဲ မဟုတ်ဘူးလား.. မင်းကျတော့ ဘာလို့ တစ္ဆေကျင့်ကြံသူတွေအတွက် မွမ်းမံခြင်းအင်းကွက်တွေ လုပ်နိုင်တာလဲ"

ရုန်ယိ ရှင်းပြလိုက်၏။
"ဘာလို့လဲဆိုတော့ ကျွန်တော်က စွမ်းအားညီညွတ်မှုဝိညာဥ်သွေးကြော ရှိလို့လေ.. ကျွန်တော်က ကျွန်တော့်ကိုယ်ထဲက ချီတွေကို တစ္ဆေကျင့်ကြံခြင်းကို ပြောင်းနိုင်တယ်.. ပြီးရင် တစ္ဆေကျင့်ကြံသူတွေအတွက် မွမ်းမံခြင်းအင်းကွက်တွေ လုပ်ပေးလို့ရတယ်လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now