"မင်းပြောတော့ငါ့ချစ်ဆို ငါလည်းမင်းကိုချစ်တယ်လေ ငါတို့ထွက်ပြေးကြရအောင်လေ အဝေးဆုံးဘယ်သူမှမမီနိုင်တဲ့ထိပြေးကြမယ်လေ"
လက်ကိုတဖြည်းဖြည်းတင်နေအောင်ဆွဲထားပြီးတဇွတ်ထိုးပြောနေတဲ့ လရောင်အား ရှိင်းနောင်စိတ်မကောင်းဖြစ်မိပါသည်
"လက်ထက်ဖို့ကဆုံးဖြတ်ပြီးပြီမို့ဒီလောက်နဲ့ပဲတော်ပါတော့ဗျာ "
ရှိင်းနောင်ပြောလိုက်တော့ လရောင်အားတွေမရှိချင်တော့ပါ ဆွဲထားသောလက်အားဖြုတ်ချလိုက်ပြီး မြေပြင်ပေါ်သို့ထိုင်လျက်လဲကျသွားသည် ခနအကြာအထိမထလာသေးပါ ရှိင်းနောင်ပဲသက်ပျင်းချကာ
"ထဗျ...ဘယ်အထိဒီလိုနေမှာလဲ အိမ်ပြန်မယ်"
ပြောပြီး လရောင်အားဆွဲထူလိုက်သည် လရောင်ကတော့အလိုက်သင့်လေးပါလာခဲ့သည် လရောင်တျု့အိမ်ရောက်တဲ့အထိ လရောင်ဘာစကားသံမှမထွက်တော့ပါ
"ဝင်တော့လေ"
ရှိင်းနောင်ကအိမ်ရှေ့ထိလိုက်ပို့ပေးခဲ့လိုက်ပြီးပြန်လှည့်ပြန်ချိန်
"မင်းရွေးချယ်မှုကကောင်းပါတယ်လေ"
လရောင်အနောက်ပါးမှတိုးညှင်းစွာပြောသံကိုကြားပေမဲ့ရှိင်းနောင်လှည့်မကြည့်နိုင်ပါ ရှိင်းနောင်စိတ်ထဲကတာပြောလိုက်သည် အခုချိန်ခနလေးပါပဲဗျာ နောက်ပျော်အောင်ထားမှာပါ
နောက်နှစ်ရက်၌
"ရော့ ဖိတ်စာ...သေချာဖတ်နော် နောက်သုံးရက်နေ့ဆိုမင်္ဂလာပွဲနော်"
"အင်းဟုတ်ပါပြီ"
ရှိင်းနောင်ကတော့လရောင်အားဖိတ်စာပေးပြီးပျော်ရွှင်စွာနဲ့ထွက်သွားလေသည် အနောက်မှကြည့်နေသောလရောင်ကတော့
"ပျော်နေတာပဲလားမောင် ဟန်တောင်မဆောင်နိုင်တော့ဘူးလား"
လရောင်ဖိတ်စာအားဖွင့်မကြည့်နေသောပါလေ သူသိနေပြိဟာ
မကြီးမြလေးဟာသူအားမင်္ဂလာပွဲ၌ဝတ်ရန်ဝတ်စုံအားလာပေးတော့ လရောင်ပြုံးနေယုံမှတပါးဘာမှမတတ်နိုင်ခဲ့ပါ
****************
မင်္ဂလာပွဲနေ့
"ဟင် သတို့သားကျနေတာပဲဝတ်စုံက ထားပါလေဘာဖြစ်ဖြစ်ပေါ့"
YOU ARE READING
ယော်...ခက်ပြီ (Complete)
Short Storyပထဆုံးစဖတ်သူများအနေဖြင့် စာမပြင်ရ သေးတာရယ်ကြောင့် အမှားများစွာရှိေနပါတာကြောင့်အဆင်မပြေတဲ့ စာဖတ်သူများအား မဖတ်သေးရန် ပြောပါရစေဗျ ☘️တောရွာလေးကအချစ်စုံတွဲပုံလေးပါအရေးသားကတော့မကောင်းပါဘူး☘️ [ရှေးခေတ်မဟုတ်ပဲ ခေတ်လည်းမဆန်ပေါင်] ☘️တောရွာလေးကအချစ်စုံ...
18☘️(End)
Start from the beginning