18☘️(End)

3.7K 153 16
                                    

(Unicode version ☘️)

ယော်ခက်ပြီဗျာ...

ရှိင်းနောင် လက်ထက်ပွဲအားတစ်ဖက်လူကြီးများနှင့် အနဲငယ်လောက်ပဲဆွေးနွေးပြီး ပြန်လာခဲ့လိုက်သည်

လရောင်တစ်ယောက်ကတော့အိပ်ခန်းထဲ၌ အငြိမ်မနေနိုင်တော့ပါ

"သူကဘယ်သူနဲ့ လက်ထက်ဖို့လုပ်နေတာလဲ...ငါ့ကိုလာချော့ဖို့မစဥ်းစားတော့ဘူးလား...အယ် ငါ့လာချော့ရအောင်ငါကစိတ်ကောက်နေတာလည်းမဟုတ်ပေါင်... ငါကသူကိုအဝေးကိုမောင်းထုတ်ခဲ့တာကို သူကစိတ်ဆိုးပြီး မကြီးမြဘေးနဲ့လက်ထက်ဖို့လုပ်နေတာလား... အားးး!ငါမစဥ်းစားတတ်တော့ဘူး အခုရှင်းမှ၇တော့မယ်..."

လရောင်တစ်ယောက်အိပ််ခန်းထဲ၌တစ်ယောက်ထဲစကားတွေပြောလိုက်နဲ့ နောက်သူမနေနိုင်တော့သဖြင့် ရှိင်းနောင်အားမေးဖို့ သူထွက်လာလိုက်တော့သည်

ရှိင်းနောင် အိမ်ရှေ့ခြံဝန်းသို့ရောက်သော...

"ရှိင်းနောင် ရှိင်းနောင် အခုမင်းထွက်လာ အခုထွက်ခဲ့နော်"

အိမ်ရှေ့၌အော်နေပြီး ခနအကြာ ရျိင်းနောင်ထွက်လာလေသည်

"ဘာလို့ ဒီလောက်အော်နေရတာတုန်းဗျာ "

ရှိင်းနောင်ခက်တည်တည်နဲ့ ပြန်လည်အော်ပြောလိုက်သည် ပြီးနောက် လရောင် စီကိုတဖြည်းဖြည်းလျှောက်လာလိုက်သည်

"လာလိုက်ခဲ့ မင်းနဲ့ဒိမှာမပြောချင်ဘူး.!"

"အယ်...!နေအုံးလေ"

ရှိင်းနောင်ပြောချိန်တောင်မရလိုက် လရောင်အတင်းဆွဲခေါ်သွားလေသည်

ကန်ကြီးနားအထိ ရှိင်းနောင်အားအတင်းဆွဲလာခဲ့သည် အခုကန်ကြီးနားအရောက် လ၇ောင်ရပ်လိုက်သည် လက်ဆွဲထားတာကိုလည်းမလွှတ်သေးသလို ရှိသ်းနောင်ဘက်လည်းမျက်နာမလှည့်လာခဲ့သေးပါ

"ကဲ.! ကိုလရောပြောမှာဖြစ် မြန်မြန်ပြောပါ"

ရှိင်းနောင်မှအနောက်ကနေ အသံပြုအရင်စပြောလိုက်တော့ လရောင်ဖြေးညှင်းစွာအနောက်လှည့်လာပြီး

"လက်ထက်မယ်ဆို ဘယ်သူနဲ့များလဲ..."

"ဖိတ်စာဖိတ်မှပဲကြည့်ကြည့်လိုက်ပါပြောချင်တာဒါပဲမလား ကျုပ်လုပ်စရာတွေရှိသေးတယ်"

ယော်...ခက်ပြီ (Complete)Where stories live. Discover now