အပိုင်း ၂၇

17.3K 1.2K 118
                                    

Forever part (27)

"မစန္ဒာ..ခဏထိုင်ပါအုံး..စိတ်အေးအေးထားပါ''

တီက ဦးမင်းသွင်ပြောနေတာလည်းဂရုမစိုက်..တိန်းငယ်ထိုင်နေတဲ့အနားရောက်လာ​ပြီး..တိန်းငယ်ခြေရင်းမှာထိုင်ချလိုက်ကာ..တိန်းငယ်ခါးကိုဖက်ပြီးငိုတော့သည်..ကိုကိုကလည်းတိန်းငယ်ရဲ့ညာဘက်လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားဆဲ...။

"သားငယ်လေး..တီနဲ့ပြန်လိုက်ခဲ့ပါသားရယ်နော်.အင့်...တီလေ...သားငယ်မရှိဘဲမနေနိုင်ဘူး..တီ့မှာ..သားငယ်လေးပဲရှိတာလေ..တီ့ကိုတစ်ယောက်ထဲထားခဲ့တော့မလို့လားသားရယ်..ဟင်...''

တီငိုတော့ တိန်းငယ်မျက်ရည်တွေထိန်းမရတော့...တီရာ...သားကိုလွှတ်ပေးပါတော့...တူဝရီးနှစ်ယောက်အပြိုင်ငိုနေတာကို ဧည့်ခန်းမှာထိုင်နေကြတဲ့သူတွေအကုန်စိတ်မကောင်းစွာနဲ့သာထိုင်ကြည့်နေရသည်..မေတ္တာလွန်ဆွဲပွဲဆိုတာ..ကာယကံရှင်တွေပဲဆုံးဖြတ်ရမှာမလို့ ဘယ်သူမှဘာမှဝင်မပြောကြ..ဦးမင်းသွင်ကတော့..သားဖြစ်သူရဲ့တိန်းငယ်ကိုဆုံးရှုံးရမှာကြောက်လို့ မျက်တောင်မခတ်တမ်းကြည့်နေတဲ့အကြည့်တွေက်ိုကြည့်ရင်းရင်ထဲတော်တော်မကောင်း...ငါ့သားလေးက်ိုတိန်းငယ်လေးကိုနီးစပ်စေချင်ပါပြီ..သားလေးစောင့်နေရတာကြာပြီ...ဒါပေမယ့် မစန္ဒာရဲ့အခြေအနေက သွေးရူးသွေးတမ်းလိုဖြစ်နေတာ...ဒီပွဲမှာ ဘယ်သူအနိုင်ရမယ်ဆိုတာကတော့..တိန်းငယ်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်နေသည်...အဖေ့သားကံကောင်းပါစေ..ယိန်းငယ်တုန်းကလဲ..မစန္ဒာက်ိုရက်စက်သလိုဖြစ်သွားတာကြောင့်..တိန်းငယ်ကိစ္စကိုတော့ သူဝင်ပြောဖ်ု့မသင့်တော့ဟုထင်သည်..။

"အင့်....အီးးးး....တီ...သားကိုလေ....သားချစ်တဲ့သူနဲ့အတူနေခွင့်ပေးပါတီ...သားတောင်းပန်ပါတယ်...သားကိုကို့ကိုချစ်တယ်.ဒီနှစ်တွေအတွင်းသားတောင့်ခံနိုင်ခဲ့တယ်ဆိုတာ...ကိုက်ိုနဲ့အတူတူပြန်ဆုံဖို့ဆိုတဲ့အတွေးနဲ့တောင့်ခံနိုင်ခဲ့တာ...တီ့ကိုသားကထားခဲ့တာမဟုတ်ပါဘူး..သားအိမ်ထောင်ကျသွားလို့...သျောင်​နောက်ဆံထုံးပါတယ်လို့...''

"ဟင့်အင်းးးး...သားငယ်တီ့က်ိုတစ်ယောက်ထဲမထားခဲ့ပါနဲ့...အဲ့ဒီအိမ်ကြီးမှာ. သားငယ်နဲ့သမီးလေးမရှ်ိဘဲ..တီတစ်ယောက်ထဲကိုထားခဲ့ရက်လားဟင်..သားငယ်လေး..သားငယ်ကတီ့မေတ္တာတွေက်ို...အီးးးးး....သားငယ်ရယ်..တီ့ကို...တီ့ကို....အီးးးး''

Forever.(Completed)Where stories live. Discover now